ကောင်လေးရေ.....
အားနာစွာနဲ့ပဲ
ဒုတိယံပိ ငြင်းဆိုရပြန်ပြီ
သူရှိတဲ့အရပ်မှာ
ငါမင်းကိုဘယ်လိုမှ
မချစ်နိုင်ဘူး။
ကောင်လေးရေ.....
မင်းကရိုးသားသူ
ငါကလှည့်ဖျားသူ
မဖြစ်ပါရစေနဲ့။
ကောင်းလေးရေ.....
ဖြူစင်တဲ့မင်း
လှပသစ်လွင်တဲ့ဘဝကို
ပိုင်ဆိုင်နိုင်ပါစေ.....။
Posted in
ကဗျာ
by theint
|
တစ်လောက ကျမရဲ့နယ်မြို့လေးကအိမ်ကိုပြန်တော့ ဝမ်းသာစရာသတင်း ကြားခဲ့ရပါတယ်။ ကျမတို့ ငယ်စဉ် သူငယ်တန်းမှ ဆယ်တန်းအောင်တဲ့အထိ ပညာရည်နို့သောက်ပြီး ဆည်းပူးခဲ့ရတဲ့ ကျမတို့ရဲ့ကျောင်းတော်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုတွေ လုပ်မယ်ဆိုတာပါ။ အဲဒီသတင်းကို ကြားတော့ ကျမဝမ်းသာမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့နေခဲ့ရတဲ့ ကျောင်းကြီးကို မွမ်းမံမှုတွေ လုပ်တော့မယ်ဆိုတော့ ကျမတို့လဲ တတ်နိုင်တဲ့အားလေးနဲ့ ကိုယ့်ကျောင်းကြီးအတွက် တစ်ဖက်တစ်လမ်းကနေ တတ်အားသမျှ ပါဝင်ကူညီနိုင်မှာကို အတွေးနဲ့တင်တောင် ကျေနပ်နေမိပါတယ်။ ကျမတို့ငယ်ဘဝတည်းက ဆယ်တန်းအထိ မခွဲအတူ ပေါင်းဖော်လာခဲ့ကြတဲ့ သူငယ်ချင်းတစ်စုဟာ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ကိုတောင် ဝင်နေကြပါပြီ။ တစ်ချို့လဲ မြန်မာပြည်ရဲ့ တစ်ထောင့်တစ်နေရာမှာ တာဝန်ထမ်းလို့ တစ်ချို့ကျတော့လဲ အခြားနိုင်ငံကို ရောက်နေကြပါတယ်။ အသီးသီးအလုပ်ကိုယ်စီနဲ့ ကျရာတာဝန်တွေ ထမ်းဆောင်ရင်း ကျမတို့ရဲ့ချွေးနဲစာလေးဖြစ်တဲ့ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကျောင်းကြီးအတွက် အုတ်တံတိုင်းတစ်နေရာစာကို ကျမတို့သူငယ်ချင်းတွေ စုပေါင်းပြီးလှူလိုက်ရတဲ့အတွက် အလွန်ကို ဝမ်းသာပိတိဖြစ်မိပါတယ်။
အခြားနိုင်ငံကိုရောက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ မြန်မာပြည်ရဲ့တစ်ထောင့်တစ်နေရာမှာ တာဝန်ကိုယ်စီထမ်းရွက်နေကြတဲ့အတွက် ရောက်မလာနိုင်တဲ့ သူငယ်ချင်းလေးရေ..... ငါတို့စုပေါင်းပြီး လှူလိုက်တဲ့ အလှူ အတွက် ကျေနပ်ပိတိဖြစ်ပြီး သာဓုခေါ်နိုင်ပါစေ........................
Posted in
အလှူ
by theint
|
လူတိုင်းမှာ သူငယ်ချင်းဆိုတာ ရှိကြမှာပါ။ ငယ်ငယ်ကပဲခင်ခင်။ ကြီးမှပဲခင်ခင် သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ။ သူငယ်ချင်းဆိုတာ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးပြီး တစ်ဦးအပေါ်တစ်ဦး အမြဲနားလည် ပေးတတ်ကြပါတယ်။ ကျမမှာလဲ ဟိုငယ်ငယ်ကတည်းက အတူပေါင်းသင်းလာကြတဲ့ သူငယ်ချင်းတွေရှိပါတယ်။ အရမ်းခင်ပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ဟိုးငယ်ငယ် ဘာဆိုဘာမှ မသိတတ်သေးတဲ့ အဖြူရောင်အရွယ်လေးမှာ ခင်ခဲ့ကြတာ။ သူငယ်တန်းကနေ ဆယ်တန်းထိ တတွဲတွဲပါပဲ။ ကျမတို့သူငယ်ချင်း တစ်တွေဟာ ငယ်ငယ်ကတော့ စိတ်ကူးတွေယဉ်လို့ပေါ့။ ငါတို့ကြီးလာလို့ တက္ကသိုလ်တက်ကျရင် တို့သူငယ်ချင်းတစ်တွေ အတူတူတက်ကြမယ်ဆိုပြီး စိတ်ကူးတွေယဉ်ခဲ့လိုက်ရတာ။ ကျမတို့သူငယ်ချင်းတွေဟာ ကျောင်းမှာတုန်းကလဲ တော်တော်လေး ဗရုတ်ကျခဲ့ကြတာ။ ငယ်ငယ်ကတည်းက အတန်းထဲမှာဆိုလဲ အမြဲရှေ့ဆုံးခုံမှာပဲ ထိုင်ကြတာ။ ကျမမှတ်မိနေသေးတယ်။ ကျမတို့ ကိုးတန်းကျောင်းသူ ဘဝမှာတုန်းကပေါ့။ ကျမတို့တစ်ဖွဲ့လုံးက အမြဲပဲရှေ့ဆုံးတန်းမှာထိုင်နေကျလေ။ ကျမတို့က (၆)ယောက်အုပ်စု။ အတန်းထဲမှာ ခုံက ရိုးသုံးရိုးရှိတာ။ ဘေးရိုးတွေကတော့ တစ်ခုံကို နှစ်ယောက်ထိုင်ရတာ။ အလယ်ရိုးကတော့ တစ်ခုံကို ငါးယောက်ထိုင်ရတာ။ အဲမှာပဲ ပြဿနာကစပြီ။ ကျမတို့သူငယ်ချင်းတွေ အတူတူထိုင်ချင်တာ။ ခုံကလဲ ငါးယောက်ခုံဖြစ်နေတာ။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ ငါးယောက်ခုံကို ခြောက်ယောက် အတင်းထိုင်ကြတာ။ အတန်းပိုင်ဆရာမကလဲ ငါးယောက်ပဲ ထိုင်ရမယ်ဆိုပြီး တစ်ယောက်ကို ရွှေ့ခိုင်းတယ်။ ဆရာမကျပ်လဲ ကျမတို့ အတူထိုင်ပါရစေဆိုပြီး အတင်းကို ထိုင်နေတာလေ။ နောက်ဆုံး ဆရာမကို ပြောလို့မရတော့ သူငယ်ချင်း တစ်ယောက်က နောက်ဆုံးခုံကို ဆင်းပေးရှာတယ်။ ကျမစိတ်မကောင်း ဖြစ်လိုက်တာရှင်။ ဆင်းပေးချင်းဆင်းပေး ကျမဆင်းပေးရမှာ။ ကျမက နောက်ကျမှရောက်တာကို။ နောက်တော့ကျမလဲ ကျမရဲ့အဒေါ်ဆရာမဆီ ပြေးတော့တာပေါ့။ ဘယ်ရမလဲ ကျမတဲ့ တစ်ယောက်ထဲရှိတယ်။ အဒေါ်ဆိုပေမဲ့ ကျမရဲ့အမေလိုပါပဲ။ အဲဒီ အဒေါ်ဆရာမဆီ အပူကပ်လွန်းလို့ ကျောင်းကဆရာမတွေကတောင် ကျမကိုသမီးထင်ပြီး အဒေါ်ရဲ့သမီးကို တူမထင်နေကျတာ။ ကျမရဲ့အဒေါ်က အတန်းကိုတာသာပြန်သွားပြီးထိုင်နေကျအတိုင်းသာ ထိုင်နေပါတဲ့ သူပြောလိုက်မယ်ဆိုပြီး ပြန်လွှတ်လိုက်တာ။ ကျမရဲ့အဒေါ်က ဆရာမကို ဘယ်လိုပြောလိုက်သလဲတော့ မသိဘူး ကျမတို့ မကျပ်ရင်ပြီးတာပါပဲတဲ့ ခြောက်ယောက်ထိုင်ချင်ရင်လဲ ထိုင်ပါတဲ့လေ။ အဲလိုနဲ့ကျမတို့သူငယ်ချင်းတွေ ခွဲစရာမလိုတော့ဘဲ အတူတူထိုင်လို့ရသွားတာလေ။ ဘယ်သွားသွား ခြောက်ယောက်သား တပူးတွဲတွဲနဲ့ပေါ့ တော်တော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်အိမ်က အလှူရှိတာဝိုင်းကူ လုပ်မယ်ဆိုပြီး ကျောင်းလစ်ကျတာ။ မြန်မာစာ ဆရာမအချိန်မှာ ရှေ့ဆုံးခုံတစ်ခုံလုံး ပျောက်နေတော့ ဆရာမက အတန်းပိုင်ဆရာမကို တိုင်တာနောက်နေ့ကျ အငါက်ခံကျရတာ။ ဘယ်လောက်ပဲ သူငယ်ချင်းတွေ အတူတူမခွဲဘူး ပြောကျပေမဲ့ ဆယ်တန်းအောင်ပြီးတော့ ကွဲကုန်ကျတာပါပဲ။ ယဉ်ခဲ့ဘူးတဲ့ စိတ်ကူးတွေလဲ အကုန်ပျက်ကုန်တော့တာပါပဲ။ ကျောင်းတွေမတူပေမဲ့ ကျောင်းပိတ်ရက် (အထူးသဖြင့်သင်္ကြန်လို ကျောင်းပိတ်ရက်)တွေမှာ သူငယ်ချင်းတွေစုပြီး တွေ့နေကျ။ နောက်တော့ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင် ဝင်ကျတော့ သင်္ကြန်မှာတောင် တွေ့ဖို့မလွယ်တော့ပါဘူး။ နိုင်ငံခြားကို ရောက်တဲ့လူကရောက်နဲ့ ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ လူတွေကျတော့လဲ ကိုယ်ကအားတဲ့အချိန်ပြန်တော့ သူကမအားနဲ့ သူငယ်ချင်းတွေ စုံစုံညီညီနဲ့ကို မတွေ့ရတာတောင် ကြာနေပါပြီ။ လွမ်းလိုက်တာ သူငယ်ချင်းတို့ရယ်။ နောက်နှစ် သင်္ကြန်ကျရင်တော့ ငါတို့တစ်ဖွဲ့လုံးဆုံလို့ရအောင် ကြိုးစားကျမယ်လေ။
(ကျမရဲ့သူငယ်ချင်းတွေကို သတိရလို့ရေးထားတာပါ)
Posted in
အတိုအထွာ
by theint
|
သိပ်ချစ်ခဲ့မိပါတယ်
အသစ်စက်စက်နှလုံးသားတစ်စုံ
ပေးခဲ့မိတာတောင်
မယုံဘူးလို့မဆိုလိုက်ပါနဲ့။
ဦးနှောက်နဲ့နှလုံးသား
လွန်ဆွဲတဲ့ပွဲမှာ
ငါ့ရင်ဘတ်ကြီးထဲက
ဒဏ်ရာနဲ့နှလုံးသားလေးပဲ
ကျန်နေလေရဲ့။
Posted in
ကဗျာ
by theint
|
၁ပွင့် ..... မင်းကကိုယ့်ရဲ့တစ်ဦးတည်းသောအချစ်
၂ပွင့် ..... မင်းနဲ့ကိုယ် အပြန်အလှန် မှီခိုဆက်သွယ်နေတယ်
၃ပွင့် ..... I Love You
၎ပွင့် ..... သစ္စာတရားနှင့် ကတိပြုလျှက်
၅ပွင့် ..... နောင်တမရှိဘူး
၆ပွင့် ..... အဆင်ပြေချောမွေ့
၇ပွင့် ..... မင်္ဂလာရှိသောကိစ္စနှင့် တွေ့ကြုံတဲ့အခါ
၈ပွင့် ..... ပေးဆပ်သည်
၉ပွင့် ..... နှစ်ပေါင်းရှည်ကြာစွာ အချင်းချင်းပြုစု စောင့်ရှောက်မှုခိုင်မြဲ
၁၀ပွင့် ..... ခြောက်ပြစ်ကင်း သဲလဲစင်
၁၁ပွင့် ..... အချစ်ဆုံး
၁၂ပွင့် ..... ချောမွေ့ပြေပြစ်သည်
၂၄ပွင့် ..... အချိန်မရွေး အမြဲမလပ် မင်းကိုလွမ်း သတိရတယ်
၃၃ပွင့် ..... သုံးဘဝ သုံးကမ္ဘာ
၅၀ပွင့် ..... ထာဝစဉ် ရှင်သန်လျက်ရှိသော အချစ်
၆၆ပွင့် ..... ရေစီးကြောင်းကလေးကဲ့သို့ အမြဲမပြတ် စီးဆင်းလျှက်
၉၉ပွင့် ..... မိုးကောင်းကင်နှင့် ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်စွာ တည်ရှိမည်
၁၀၀ပွင့် ..... အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း၊ ရာသက်ပန်ပေါင်း
၁၀၁ပွင့် ..... ထာဝစဉ် ထာဝရ
၁၀၈ပွင့် ..... မပြီးဆုံးနိုင်တဲ့ အချစ်၊ မကုန်ဆုံးနိုင်တဲ့ အချစ်
၃၆၅ပွင့် ..... နေ့တိုင်းသတိရတယ်
၉၉၉ပွင့် ..... မိုးကောင်ကင်နှင့်ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်ကြာစွာတည်ရှိမည်
၁၀၀၀ပွင့် ..... နှစ်ပေါင်းတစ်သောင်းတိုင်အောင် မင်းကိုချစ်တယ်
လက်ကမ်းစာစောင်လေးကနေ ကူးယူဖော်ပြထားတာပါ။ သင်ကော သင့်ချစ်သူကို ပန်းဘယ်နှစ်ပွင့် ပို့မှာလဲ..။
Posted in
အတိုအထွာ
by theint
|
(၃)ရက်နေ့ကရုံးမှာ အလုပ်အတွက် အင်တာဗျူးဖြေဖို့ လူတွေအများကြီး တွေ့ရတယ်။ ခေါ်မှာက (၃၅)ယောက်ထဲ လာဖြေကြတာက(၆၀)ကျော်လောက်ရှိနေတာ။ ဒါတောင် နေ့စားခေါ်တာရယ်။ အလုပ်တစ်ခုရဖို့တောင် မလွယ်တော့ပါလား။ လာဖြေကြရတဲ့သူတွေလည်း သနားပါတယ်။ နေ့စားလေးရဖို့တောင် အဝေးကြီးကနေ တကူးတက လာဖြေကြရတာ။ အလုပ်ကထွက်ဖို့သာ လွယ်တာ။ အလုပ်တစ်ခုရဖို့ကျ တော်တော်မလွယ်တာပါလား။
Posted in
အတိုအထွာ
by theint
|
ဘဝမှာ မမျှော်လင့်ပဲ လူတစ်ယောက်နဲ့ ခင်ခဲ့သိခဲ့တယ်။ ခင်ခဲ့တဲ့အချိန်အတိုင်းအတာလေးဟာ တိုတောင်းပါတယ်။ ခုတော့ကျမရဲ့ဘဝမှာလေ အဲဒီလူနဲ့ခင်ခဲ့သိခဲ့ဘူးတယ်ဆိုတာ မရှိခဲ့ရင်ကောင်းမှာပဲ။ ဖြစ်နိုင်ရင်ကျမဘဝရဲ့ အစိတ်အပိုင်းထဲမှာ လူတစ်ယောက်နဲ့ပက်သက်ခဲ့ဘူးပါလားဆိုတာကို ကျန်မနေစေချင်တော့ဘူး။ ပက်သက်ခဲ့မိဘူးတဲ့ ကာလအပိုင်းအခြားလေးကို ဖျက်ပစ်လို့ရရင်ကောင်းမှာပဲ။
Posted in
အတိုအထွာ
by theint
|
ချစ်တတ်တဲ့ နှလုံးသား
နုနယ်တဲ့ ခံစားချက်တို့ရဲ့စေရာ
ချစ်ရသူ မင်းအတွက်
ကဗျာစပ်ခဲ့တယ်။
တို့အတွက် စပ်ဖူးတဲ့
ကဗျာများစွာ အဟုတ်မှတ်လို့
ရင်ဘတ်နဲ့ အပြည့်ခံစားပြီးမှ
အညာခံရတဲ့အဖြစ်
အချစ်စစ်ရေ.....
ခုတော့.....ရယ်နိုင်ခဲ့ပါပြီ။
နှုတ်ဆက်လက်ပြပြီးမှ
တိတ်တဆိတ်ခံစား
ကြိတ်မှိတ် အသည်းကွဲ
အလွမ်းမျက်ရည်တွေလဲ
ပင်လယ်ဝေခဲ့ရပြီ။
Posted in
ကဗျာ
by theint
|
ဇန်နဝါရီ(SUNDAY)တစ်ရက်ရဲ့
ညနေခင်းတစ်ခု
နှုတ်ဆက်ခွဲခွာမှုတွေနဲ့ အဆုံးသတ်
တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းထဲက
မင်း နှုတ်ဆက်ပြီး
အဝေးတစ်နေရာမှာ
ပျော်နေတော့မယ်ပေါ့။
ထိန်းချုပ်မှုတွေနောက်က
ဝမ်းနည်းကြွေကွဲမှုတွေ
မင်းသာခံစားတတ်မယ်ဆို
အလွယ်တကူ သိနိုင်လေရဲ့။
Posted in
ကဗျာ
by theint
|
ဆရာချစ်စံဝင်းရေးထားတဲ့ ကဗျာလေးပါ။ လေးနက်တဲ့ စာသားလေးတွေနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေးမို့ ညီအစ်ကိုမောင်နှမတွေ ဖတ်ရအောင် မျှဝေလိုက်ပါတယ်....။
အမေ့မှာတမ်း
အမေက သားကိုမှာတယ်
ကောင်းပြီသား
အမေပြောမယ်...။
ဘဝဆိုတာ ချောမွေ့ကြည်လင်နေတဲ့ ကျောက်သလင်း
လှေကားထစ်တွေ မဟုတ်ဘူး...။
ဘဝခရီးအတက်လမ်းမှာ
သံမှိုတွေရှိတယ်
ဆူးတွေ ငြောင့်တွေ အဖုအထစ်တွေ ရှိတယ်။
ဘဝအတက်လှေကား
ပျဉ်ချပ်တွေကလဲဆွေးလို့
တစ်ချိန်လုံးလဲ တက်နေရတာပဲ။
လှေကားထိပ်ရောက်သွားတဲ့အခါ
ဒေါင့်ချိုးနေရာတွေကို တွေ့ရမယ်။
တစ်ခါတစ်ရံ အမှောင်ထဲလဲ သွားရတယ်။
မီးမရှိတဲ့နေရာတွေပေါ့...
ဒါပေမယ့်- နောက်ပြန်မလှည့်နဲ့သား
ပင်ပန်းလှပါရဲ့ဆိုပြီး
လှေကားထစ်တွေပေါ်မှာလည်း ရပ်မနေနဲ့
လိမ့်လည်း မကျစေနဲ့
သားတာဝန်ကတော့ ဆက်သွားရမှာပဲ။
နားမနေနဲ့သား
ဆက်တက်...ဆက်တက်
ဆက်သွား...ဆက်သွား
ဘဝဆိုတာ သလင်းလှေကားထစ်တွေလို
ချောမနေဘူး...။
Posted in
အကြိုက်ဆုံးကဗျာလေး
by theint
|
Posted in
မွေးနေ့ဆုတောင်း
by theint
|
ငယ်စဉ်ကတော့
ပျော်ပျော်ရွှင်ရွှင်
မိဘ မောင်ဘွား
ဆွေမျိုးများနှင့်
ချစ်လိုက် ခင်လိုက်
ရန်ဖြစ်လိုက်နှင့်
ဘဝ ဆိုတာ
မေ့လျော့ခဲ့တယ်။
တစ်ကယ့်လက်တွေ့
ကိုယ်တိုင်တွေ့မှ
ဘဝ ဆိုတာ
နှစ်လုံးတည်းနှင့်
နက်ရှိုင်းလွန်းတယ်။ ။
Posted in
ကဗျာ
by theint
|
ဒီနှစ်တော့ဘယ်မှ လိုက်မပို့တော့ဘူးလား မသိပါဘူး။ ဘာမှလဲပြောသံမကြားရဘူး။ မနှစ်က ဒီလိုအချိန်မှာဆို ကျိုက်ထီးရိုးဘုရားဖူး လိုက်ပို့လို့ ပြန်တောင်လာပြီလေ။ မနှစ်ကလိုပဲ ဘုရားဖူးခရီးထွက်ချင်တယ်။ ကျိုက်ထီးရိုးဘုရားကိုပဲ လိုက်ပို့ရင်ကောင်းမှာပဲ။ အဆောင်မှာ သူငယ်ချင်းတွေ ဆုံဖြစ်ရင်လဲ ကျိုက်ထီးရိုးဘုရားဖူး သွားချင်တဲ့အကြောင်းပဲပြောနေကြတာ။ အလုပ်ထဲမှာ ငြီးငွေ့လာတဲ့အခါမှာ ဘုရားဖူး ခရီးလေးဘာလေးတော့ သွားချင်တာပေါ့။ ခုတော့သူတို့က လှုပ်တောင်မလှုပ်ကြဘူး။ လိုက်မပို့တော့လဲ သူငယ်ချင်းတို့မြို့က ဘုရားပွဲကိုပဲ လိုက်သွားတော့မယ်။ :P
Posted in
ရောက်တတ်ရာရာ
by theint
|
သူနဲ့တွေ့ဖို့ရော်ရည်
သင်္ကြန်ရက်ကို
မျှော်ရည်မှန်းလို့
ဌာနေပြည်သို့
အရောက်ပြန်ချင်ပြီ...
သူလည်း တို့နဲ့ထပ်တူ
ဌာနေပြည်သို့
ပြန်ဖို့အရေး
မျှော်ကာတွေးလို့
ပျော်နေလောက်ပြီပေါ့...
Posted in
ကဗျာ
by theint
|
တော်တော်ဆိုးတဲ့စက် ဘာမှကိုလုပ်လို့မရဘူး။ မနေ့က မွေးနေ့မိုလို့ post တင်ချင်ပါတယ်ဆိုမှ net ကမရ။ စိတ်ပျက်ဖွယ်...။ ဒီနေ့မှပဲ တင်ရတော့တယ်...။ ကျမကို လူလောကကြီးထဲကို မွေးဖွားသန့်စင်ပေးပြီး ပြုစုပျိုးထောင်ပေးတဲ့ မေကိုရည်ရွယ်ပြီး ကဗျာလေးရေးထားတာ။
ကျေးဇူးမေ...
မေ... အပြောကျယ်လှတဲ့
ကမ္ဘာကြီးထဲမှာ
လူဖြစ်ခွင့်ကြုံလာတဲ့ သမီးကို
ချစ်မေတ္တာ ပြည့်ပေးတဲ့အတွက်
ကျေးဇူးပါမေ...။ ။
Posted in
ကဗျာ
by theint
|
ဘာလိုလိုနဲ့ မတ်လကုန်လို့ ဧပရယ်လကို ရောက်တော့မှာပါလား.....။ ဧပရယ်ရောက်တော့မယ် ဆိုတာနဲ့ ကိုယ့်ကိုယ်ကို အသက်တစ်နှစ်ကြီးတော့မယ်ဆိုတာ သတိပေးနေသလိုပဲ။ နောက်မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့ အတာသင်္ကြန်
ပွဲလေးလည်း ရောက်တော့မှာပါလား။ သင်္ကြန်ကိုအမြန်ရောက်ချင်တယ်.......။ ကျမရဲ့ ငယ်သူငယ်ချင်းလေးတွေနဲ့ တွေ့ချင်လို့...။ ကျမတို့သူငယ်ချင်း (၉) ယောက်ဟာ သင်္ကြန်ရောက်ရင် ဆုံတွေ့နေကျ။ သူငယ်ချင်း(၉) ယောက်မှာ ကောင်လေး(၃)ယောက်၊ ကောင်မလေးက(၆)ယောက်ပါ။
လူတိုင်းမှာ သင်္ကြန်အမှတ်တရလေးတွေ ရှိကြပါလိမ့်မယ်။ သင်္ကြန်လမှာ မွေးတဲ့ ကျမအဖို့ကတော့ သင်္ကြန်ဟာ အမြဲအမှတ်တရပါပဲ။ သင်္ကြန်ကို ချစ်တယ်....၊ သင်္ကြန်ကို မြတ်နိုးတယ်....၊ သင်္ကြန်မှာပျော်တယ်....၊ သင်္ကြန်.....တယ်...။
Posted in
သင်္ကြန်
by theint
|
ခုတလော ကျမဘလော့ဒ် မရေးဖြစ်တာ ကြာနေပါပြီ....။ သင်တန်းတက်နေရလို့ ကွန်ပျူတာကို မကိုင်ဖြစ်တာ။ အတွေ့ကြုံသစ်တွေတော့ အများကြီးရခဲ့ပါတယ်။ အိမ်ပြန်ချင်စိတ်ပေါက်တာလည်း အကြိမ်ကြိမ်ပေါ့။ မနက်အိပ်ယာထချိန်နဲ့ ထမင်းစားချိန်ဆို ပိုဆိုးတယ်(အဟင့်ဟင့်...)။ လုပ်လိုက်ရတဲ့ လေ့ကျင့်ခန်း ဖတ်ဖတ်ကို မောလို့...ဟူး...။ အဆောင်မှာနေရတဲ့အချိန်နဲ့ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ ထိုင်ရတဲ့အချိန်တွေကတော့ ပျော်စရာကောင်းပါတယ်။
ကျမရဲ့ အိမ်သစ်လေးဆောက်ပြီးကာမှ ဘာမှကို မရေးဖြစ်ဘူးဖြစ်နေတာ။ အိမ်သစ်လေးကို လာလည်တဲ့ သယ်ရင်းရောင်းရင်းတွေ၊ ဘလော့ဒ်ဂါ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်...။ ကျမရဲ့ ပျက်ကွက်မှုအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ရှင်။
Posted in
ပျက်ကွက်မှု
by theint
|
ဦးအွန်လိုင်း+ဒေါ်အင်တာနက် တို့၏သမီး မဘလော့ဒ်၏ အိမ်သစ်တက် မင်္ဂလာသို့ အောက်ပါအစီအစဉ် အတိုင်း လူကြီးမင်း ကိုယ်တိုင် ကြွရောက်ပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ (လက်ဆောင်ပစ္စည်း ပေးခြင်းသည်းခံပါ)
အချိန်- ၂၄နာရီ
နေရာ- shwegyanthu.blogspot.com
ဧည့်ခံ- ဘူဖေးစနစ် (http://www.lulucooking.blogspot.com)
Posted in
ဖိတ်စာ
by theint
|
၂၈ရက်နေ့ဟာ ကျမဘဝရဲ့ ပျော်စရာနေ့လေး တစ်နေ့ပါ။ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ ချစ်သယ်ရင်းလေးနဲ့ ပြန်တွေ့ခဲ့လို့ပါ။ ချစ်သယ်ရင်းလေးက "စ" လုံး ကိုထွက်သွားတာ။ သူနဲ့ မတွေ့ရတော့ဘူးလို့ ထင်ထားတာ။ ပြန်တွေ့ရတော့ အတိုင်းမသိ ဝမ်းသာမိတယ်။ သူကလည်း ကျမကိုလွမ်းတယ်။ ကျမကလည်း သူ့ကိုလွမ်းတယ်။ (သူဆိုတာ... ငယ်သယ်ရင်းလေး ဆွေအေးပါ)။
Posted in
အမှတ်တရ
by theint
|
သူငယ်ချင်းရယ်.......
အနေဝေးလို့
စိမ်းသွားပြီလို့
မဆိုလိုက်ပါနဲ့နော်...။
သူငယ်ချင်းရယ်.......
သူငယ်ချင်းသစ်တွေ့လို့
မေ့သွားပြီလို့မပြောလိုက်ပါနဲ့နော်...။
သူငယ်ချင်းရယ်.......
မင်း နဲ့ ငါ ဟာ
ငယ်ဘ၀တည်းက
သံယောဇဉ်
ရစ်နှောင်ခဲ့တာ ကြာပြီမို့
အချိန်တွေနှောင်းသွားလည်း
မပြတ်ခိုင်မာ မြဲမြံနေမှာပါ...။
Posted in
ကဗျာ
by theint
|