အညာခံရခြင်း  

Thursday, January 22, 2009

ချစ်တတ်တဲ့ နှလုံးသား
နုနယ်တဲ့ ခံစားချက်တို့ရဲ့စေရာ
ချစ်ရသူ မင်းအတွက်
ကဗျာစပ်ခဲ့တယ်။
တို့အတွက် စပ်ဖူးတဲ့
ကဗျာများစွာ အဟုတ်မှတ်လို့
ရင်ဘတ်နဲ့ အပြည့်ခံစားပြီးမှ
အညာခံရတဲ့အဖြစ်
အချစ်စစ်ရေ.....
ခုတော့.....ရယ်နိုင်ခဲ့ပါပြီ။
နှုတ်ဆက်လက်ပြပြီးမှ
တိတ်တဆိတ်ခံစား
ကြိတ်မှိတ် အသည်းကွဲ
အလွမ်းမျက်ရည်တွေလဲ
ပင်လယ်ဝေခဲ့ရပြီ။

AddThis Social Bookmark Button


3 comments: to “ အညာခံရခြင်း