Monday, January 26, 2009

ဘဝမှာ မမျှော်လင့်ပဲ လူတစ်ယောက်နဲ့ ခင်ခဲ့သိခဲ့တယ်။ ခင်ခဲ့တဲ့အချိန်အတိုင်းအတာလေးဟာ တိုတောင်းပါတယ်။ ခုတော့ကျမရဲ့ဘဝမှာလေ အဲဒီလူနဲ့ခင်ခဲ့သိခဲ့ဘူးတယ်ဆိုတာ မရှိခဲ့ရင်ကောင်းမှာပဲ။ ဖြစ်နိုင်ရင်ကျမဘဝရဲ့ အစိတ်အပိုင်းထဲမှာ လူတစ်ယောက်နဲ့ပက်သက်ခဲ့ဘူးပါလားဆိုတာကို ကျန်မနေစေချင်တော့ဘူး။ ပက်သက်ခဲ့မိဘူးတဲ့ ကာလအပိုင်းအခြားလေးကို ဖျက်ပစ်လို့ရရင်ကောင်းမှာပဲ။

AddThis Social Bookmark Button


အညာခံရခြင်း  

Thursday, January 22, 2009

ချစ်တတ်တဲ့ နှလုံးသား
နုနယ်တဲ့ ခံစားချက်တို့ရဲ့စေရာ
ချစ်ရသူ မင်းအတွက်
ကဗျာစပ်ခဲ့တယ်။
တို့အတွက် စပ်ဖူးတဲ့
ကဗျာများစွာ အဟုတ်မှတ်လို့
ရင်ဘတ်နဲ့ အပြည့်ခံစားပြီးမှ
အညာခံရတဲ့အဖြစ်
အချစ်စစ်ရေ.....
ခုတော့.....ရယ်နိုင်ခဲ့ပါပြီ။
နှုတ်ဆက်လက်ပြပြီးမှ
တိတ်တဆိတ်ခံစား
ကြိတ်မှိတ် အသည်းကွဲ
အလွမ်းမျက်ရည်တွေလဲ
ပင်လယ်ဝေခဲ့ရပြီ။

AddThis Social Bookmark Button


နှုတ်ဆက်ခွဲခွာမှု  

ဇန်နဝါရီ(SUNDAY)တစ်ရက်ရဲ့
ညနေခင်းတစ်ခု
နှုတ်ဆက်ခွဲခွာမှုတွေနဲ့ အဆုံးသတ်
တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းထဲက
မင်း နှုတ်ဆက်ပြီး
အဝေးတစ်နေရာမှာ
ပျော်နေတော့မယ်ပေါ့။
ထိန်းချုပ်မှုတွေနောက်က
ဝမ်းနည်းကြွေကွဲမှုတွေ
မင်းသာခံစားတတ်မယ်ဆို
အလွယ်တကူ သိနိုင်လေရဲ့။

AddThis Social Bookmark Button