Showing posts with label အတိုအထွာ. Show all posts
လွမ်းလိုက်တာသူငယ်ချင်းတို့ရယ်.................
Monday, May 25, 2009
လူတိုင်းမှာ သူငယ်ချင်းဆိုတာ ရှိကြမှာပါ။ ငယ်ငယ်ကပဲခင်ခင်။ ကြီးမှပဲခင်ခင် သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ။ သူငယ်ချင်းဆိုတာ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးပြီး တစ်ဦးအပေါ်တစ်ဦး အမြဲနားလည် ပေးတတ်ကြပါတယ်။ ကျမမှာလဲ ဟိုငယ်ငယ်ကတည်းက အတူပေါင်းသင်းလာကြတဲ့ သူငယ်ချင်းတွေရှိပါတယ်။ အရမ်းခင်ပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ဟိုးငယ်ငယ် ဘာဆိုဘာမှ မသိတတ်သေးတဲ့ အဖြူရောင်အရွယ်လေးမှာ ခင်ခဲ့ကြတာ။ သူငယ်တန်းကနေ ဆယ်တန်းထိ တတွဲတွဲပါပဲ။ ကျမတို့သူငယ်ချင်း တစ်တွေဟာ ငယ်ငယ်ကတော့ စိတ်ကူးတွေယဉ်လို့ပေါ့။ ငါတို့ကြီးလာလို့ တက္ကသိုလ်တက်ကျရင် တို့သူငယ်ချင်းတစ်တွေ အတူတူတက်ကြမယ်ဆိုပြီး စိတ်ကူးတွေယဉ်ခဲ့လိုက်ရတာ။ ကျမတို့သူငယ်ချင်းတွေဟာ ကျောင်းမှာတုန်းကလဲ တော်တော်လေး ဗရုတ်ကျခဲ့ကြတာ။ ငယ်ငယ်ကတည်းက အတန်းထဲမှာဆိုလဲ အမြဲရှေ့ဆုံးခုံမှာပဲ ထိုင်ကြတာ။ ကျမမှတ်မိနေသေးတယ်။ ကျမတို့ ကိုးတန်းကျောင်းသူ ဘဝမှာတုန်းကပေါ့။ ကျမတို့တစ်ဖွဲ့လုံးက အမြဲပဲရှေ့ဆုံးတန်းမှာထိုင်နေကျလေ။ ကျမတို့က (၆)ယောက်အုပ်စု။ အတန်းထဲမှာ ခုံက ရိုးသုံးရိုးရှိတာ။ ဘေးရိုးတွေကတော့ တစ်ခုံကို နှစ်ယောက်ထိုင်ရတာ။ အလယ်ရိုးကတော့ တစ်ခုံကို ငါးယောက်ထိုင်ရတာ။ အဲမှာပဲ ပြဿနာကစပြီ။ ကျမတို့သူငယ်ချင်းတွေ အတူတူထိုင်ချင်တာ။ ခုံကလဲ ငါးယောက်ခုံဖြစ်နေတာ။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ ငါးယောက်ခုံကို ခြောက်ယောက် အတင်းထိုင်ကြတာ။ အတန်းပိုင်ဆရာမကလဲ ငါးယောက်ပဲ ထိုင်ရမယ်ဆိုပြီး တစ်ယောက်ကို ရွှေ့ခိုင်းတယ်။ ဆရာမကျပ်လဲ ကျမတို့ အတူထိုင်ပါရစေဆိုပြီး အတင်းကို ထိုင်နေတာလေ။ နောက်ဆုံး ဆရာမကို ပြောလို့မရတော့ သူငယ်ချင်း တစ်ယောက်က နောက်ဆုံးခုံကို ဆင်းပေးရှာတယ်။ ကျမစိတ်မကောင်း ဖြစ်လိုက်တာရှင်။ ဆင်းပေးချင်းဆင်းပေး ကျမဆင်းပေးရမှာ။ ကျမက နောက်ကျမှရောက်တာကို။ နောက်တော့ကျမလဲ ကျမရဲ့အဒေါ်ဆရာမဆီ ပြေးတော့တာပေါ့။ ဘယ်ရမလဲ ကျမတဲ့ တစ်ယောက်ထဲရှိတယ်။ အဒေါ်ဆိုပေမဲ့ ကျမရဲ့အမေလိုပါပဲ။ အဲဒီ အဒေါ်ဆရာမဆီ အပူကပ်လွန်းလို့ ကျောင်းကဆရာမတွေကတောင် ကျမကိုသမီးထင်ပြီး အဒေါ်ရဲ့သမီးကို တူမထင်နေကျတာ။ ကျမရဲ့အဒေါ်က အတန်းကိုတာသာပြန်သွားပြီးထိုင်နေကျအတိုင်းသာ ထိုင်နေပါတဲ့ သူပြောလိုက်မယ်ဆိုပြီး ပြန်လွှတ်လိုက်တာ။ ကျမရဲ့အဒေါ်က ဆရာမကို ဘယ်လိုပြောလိုက်သလဲတော့ မသိဘူး ကျမတို့ မကျပ်ရင်ပြီးတာပါပဲတဲ့ ခြောက်ယောက်ထိုင်ချင်ရင်လဲ ထိုင်ပါတဲ့လေ။ အဲလိုနဲ့ကျမတို့သူငယ်ချင်းတွေ ခွဲစရာမလိုတော့ဘဲ အတူတူထိုင်လို့ရသွားတာလေ။ ဘယ်သွားသွား ခြောက်ယောက်သား တပူးတွဲတွဲနဲ့ပေါ့ တော်တော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်အိမ်က အလှူရှိတာဝိုင်းကူ လုပ်မယ်ဆိုပြီး ကျောင်းလစ်ကျတာ။ မြန်မာစာ ဆရာမအချိန်မှာ ရှေ့ဆုံးခုံတစ်ခုံလုံး ပျောက်နေတော့ ဆရာမက အတန်းပိုင်ဆရာမကို တိုင်တာနောက်နေ့ကျ အငါက်ခံကျရတာ။ ဘယ်လောက်ပဲ သူငယ်ချင်းတွေ အတူတူမခွဲဘူး ပြောကျပေမဲ့ ဆယ်တန်းအောင်ပြီးတော့ ကွဲကုန်ကျတာပါပဲ။ ယဉ်ခဲ့ဘူးတဲ့ စိတ်ကူးတွေလဲ အကုန်ပျက်ကုန်တော့တာပါပဲ။ ကျောင်းတွေမတူပေမဲ့ ကျောင်းပိတ်ရက် (အထူးသဖြင့်သင်္ကြန်လို ကျောင်းပိတ်ရက်)တွေမှာ သူငယ်ချင်းတွေစုပြီး တွေ့နေကျ။ နောက်တော့ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင် ဝင်ကျတော့ သင်္ကြန်မှာတောင် တွေ့ဖို့မလွယ်တော့ပါဘူး။ နိုင်ငံခြားကို ရောက်တဲ့လူကရောက်နဲ့ ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ လူတွေကျတော့လဲ ကိုယ်ကအားတဲ့အချိန်ပြန်တော့ သူကမအားနဲ့ သူငယ်ချင်းတွေ စုံစုံညီညီနဲ့ကို မတွေ့ရတာတောင် ကြာနေပါပြီ။ လွမ်းလိုက်တာ သူငယ်ချင်းတို့ရယ်။ နောက်နှစ် သင်္ကြန်ကျရင်တော့ ငါတို့တစ်ဖွဲ့လုံးဆုံလို့ရအောင် ကြိုးစားကျမယ်လေ။
(ကျမရဲ့သူငယ်ချင်းတွေကို သတိရလို့ရေးထားတာပါ)
(ကျမရဲ့သူငယ်ချင်းတွေကို သတိရလို့ရေးထားတာပါ)
Posted in အတိုအထွာ by theint | 1 comments
ပန်းပွင့်အရေအတွက်နဲ့သင်္ကေတ
Tuesday, February 10, 2009
၁ပွင့် ..... မင်းကကိုယ့်ရဲ့တစ်ဦးတည်းသောအချစ်
၂ပွင့် ..... မင်းနဲ့ကိုယ် အပြန်အလှန် မှီခိုဆက်သွယ်နေတယ်
၃ပွင့် ..... I Love You
၎ပွင့် ..... သစ္စာတရားနှင့် ကတိပြုလျှက်
၅ပွင့် ..... နောင်တမရှိဘူး
၆ပွင့် ..... အဆင်ပြေချောမွေ့
၇ပွင့် ..... မင်္ဂလာရှိသောကိစ္စနှင့် တွေ့ကြုံတဲ့အခါ
၈ပွင့် ..... ပေးဆပ်သည်
၉ပွင့် ..... နှစ်ပေါင်းရှည်ကြာစွာ အချင်းချင်းပြုစု စောင့်ရှောက်မှုခိုင်မြဲ
၁၀ပွင့် ..... ခြောက်ပြစ်ကင်း သဲလဲစင်
၁၁ပွင့် ..... အချစ်ဆုံး
၁၂ပွင့် ..... ချောမွေ့ပြေပြစ်သည်
၂၄ပွင့် ..... အချိန်မရွေး အမြဲမလပ် မင်းကိုလွမ်း သတိရတယ်
၃၃ပွင့် ..... သုံးဘဝ သုံးကမ္ဘာ
၅၀ပွင့် ..... ထာဝစဉ် ရှင်သန်လျက်ရှိသော အချစ်
၆၆ပွင့် ..... ရေစီးကြောင်းကလေးကဲ့သို့ အမြဲမပြတ် စီးဆင်းလျှက်
၉၉ပွင့် ..... မိုးကောင်းကင်နှင့် ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်စွာ တည်ရှိမည်
၁၀၀ပွင့် ..... အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း၊ ရာသက်ပန်ပေါင်း
၁၀၁ပွင့် ..... ထာဝစဉ် ထာဝရ
၁၀၈ပွင့် ..... မပြီးဆုံးနိုင်တဲ့ အချစ်၊ မကုန်ဆုံးနိုင်တဲ့ အချစ်
၃၆၅ပွင့် ..... နေ့တိုင်းသတိရတယ်
၉၉၉ပွင့် ..... မိုးကောင်ကင်နှင့်ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်ကြာစွာတည်ရှိမည်
၁၀၀၀ပွင့် ..... နှစ်ပေါင်းတစ်သောင်းတိုင်အောင် မင်းကိုချစ်တယ်
လက်ကမ်းစာစောင်လေးကနေ ကူးယူဖော်ပြထားတာပါ။ သင်ကော သင့်ချစ်သူကို ပန်းဘယ်နှစ်ပွင့် ပို့မှာလဲ..။
၂ပွင့် ..... မင်းနဲ့ကိုယ် အပြန်အလှန် မှီခိုဆက်သွယ်နေတယ်
၃ပွင့် ..... I Love You
၎ပွင့် ..... သစ္စာတရားနှင့် ကတိပြုလျှက်
၅ပွင့် ..... နောင်တမရှိဘူး
၆ပွင့် ..... အဆင်ပြေချောမွေ့
၇ပွင့် ..... မင်္ဂလာရှိသောကိစ္စနှင့် တွေ့ကြုံတဲ့အခါ
၈ပွင့် ..... ပေးဆပ်သည်
၉ပွင့် ..... နှစ်ပေါင်းရှည်ကြာစွာ အချင်းချင်းပြုစု စောင့်ရှောက်မှုခိုင်မြဲ
၁၀ပွင့် ..... ခြောက်ပြစ်ကင်း သဲလဲစင်
၁၁ပွင့် ..... အချစ်ဆုံး
၁၂ပွင့် ..... ချောမွေ့ပြေပြစ်သည်
၂၄ပွင့် ..... အချိန်မရွေး အမြဲမလပ် မင်းကိုလွမ်း သတိရတယ်
၃၃ပွင့် ..... သုံးဘဝ သုံးကမ္ဘာ
၅၀ပွင့် ..... ထာဝစဉ် ရှင်သန်လျက်ရှိသော အချစ်
၆၆ပွင့် ..... ရေစီးကြောင်းကလေးကဲ့သို့ အမြဲမပြတ် စီးဆင်းလျှက်
၉၉ပွင့် ..... မိုးကောင်းကင်နှင့် ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်စွာ တည်ရှိမည်
၁၀၀ပွင့် ..... အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း၊ ရာသက်ပန်ပေါင်း
၁၀၁ပွင့် ..... ထာဝစဉ် ထာဝရ
၁၀၈ပွင့် ..... မပြီးဆုံးနိုင်တဲ့ အချစ်၊ မကုန်ဆုံးနိုင်တဲ့ အချစ်
၃၆၅ပွင့် ..... နေ့တိုင်းသတိရတယ်
၉၉၉ပွင့် ..... မိုးကောင်ကင်နှင့်ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်ကြာစွာတည်ရှိမည်
၁၀၀၀ပွင့် ..... နှစ်ပေါင်းတစ်သောင်းတိုင်အောင် မင်းကိုချစ်တယ်
လက်ကမ်းစာစောင်လေးကနေ ကူးယူဖော်ပြထားတာပါ။ သင်ကော သင့်ချစ်သူကို ပန်းဘယ်နှစ်ပွင့် ပို့မှာလဲ..။
Posted in အတိုအထွာ by theint | 2 comments
Monday, January 26, 2009
ဘဝမှာ မမျှော်လင့်ပဲ လူတစ်ယောက်နဲ့ ခင်ခဲ့သိခဲ့တယ်။ ခင်ခဲ့တဲ့အချိန်အတိုင်းအတာလေးဟာ တိုတောင်းပါတယ်။ ခုတော့ကျမရဲ့ဘဝမှာလေ အဲဒီလူနဲ့ခင်ခဲ့သိခဲ့ဘူးတယ်ဆိုတာ မရှိခဲ့ရင်ကောင်းမှာပဲ။ ဖြစ်နိုင်ရင်ကျမဘဝရဲ့ အစိတ်အပိုင်းထဲမှာ လူတစ်ယောက်နဲ့ပက်သက်ခဲ့ဘူးပါလားဆိုတာကို ကျန်မနေစေချင်တော့ဘူး။ ပက်သက်ခဲ့မိဘူးတဲ့ ကာလအပိုင်းအခြားလေးကို ဖျက်ပစ်လို့ရရင်ကောင်းမှာပဲ။
Posted in အတိုအထွာ by theint | 2 comments
Subscribe to:
Posts (Atom)