ကောင်လေးသို့..........  

Monday, February 15, 2010

ကောင်လေးရေ.....
အားနာစွာနဲ့ပဲ
ဒုတိယံပိ ငြင်းဆိုရပြန်ပြီ
သူရှိတဲ့အရပ်မှာ
ငါမင်းကိုဘယ်လိုမှ
မချစ်နိုင်ဘူး။
ကောင်လေးရေ.....
မင်းကရိုးသားသူ
ငါကလှည့်ဖျားသူ
မဖြစ်ပါရစေနဲ့။
ကောင်းလေးရေ.....
ဖြူစင်တဲ့မင်း
လှပသစ်လွင်တဲ့ဘဝကို
ပိုင်ဆိုင်နိုင်ပါစေ.....။

AddThis Social Bookmark Button


2 comments: to “ ကောင်လေးသို့..........