Showing posts with label ရောက်တတ်ရာရာ. Show all posts
ဒီနှစ်တော့ဝေးပြီထင်ပါတယ်...
Tuesday, November 4, 2008
ဒီနှစ်တော့ဘယ်မှ လိုက်မပို့တော့ဘူးလား မသိပါဘူး။ ဘာမှလဲပြောသံမကြားရဘူး။ မနှစ်က ဒီလိုအချိန်မှာဆို ကျိုက်ထီးရိုးဘုရားဖူး လိုက်ပို့လို့ ပြန်တောင်လာပြီလေ။ မနှစ်ကလိုပဲ ဘုရားဖူးခရီးထွက်ချင်တယ်။ ကျိုက်ထီးရိုးဘုရားကိုပဲ လိုက်ပို့ရင်ကောင်းမှာပဲ။ အဆောင်မှာ သူငယ်ချင်းတွေ ဆုံဖြစ်ရင်လဲ ကျိုက်ထီးရိုးဘုရားဖူး သွားချင်တဲ့အကြောင်းပဲပြောနေကြတာ။ အလုပ်ထဲမှာ ငြီးငွေ့လာတဲ့အခါမှာ ဘုရားဖူး ခရီးလေးဘာလေးတော့ သွားချင်တာပေါ့။ ခုတော့သူတို့က လှုပ်တောင်မလှုပ်ကြဘူး။ လိုက်မပို့တော့လဲ သူငယ်ချင်းတို့မြို့က ဘုရားပွဲကိုပဲ လိုက်သွားတော့မယ်။ :P
Posted in ရောက်တတ်ရာရာ by theint | 0 comments
ပြေးပြေးလွှားလွှား....ကျမဘဝ
Sunday, January 27, 2008
Tuesday, December 25, 2007
ပြေးပြေးလွှားလွှားကျမဘဝ
ကျမဘ၀ကိုပြောပြရမယ်ဆိုရင်ဖြင့် မနက်မိုးလင်းအိပ်ရာထချိန်လေးကနေစပြောပါရစေရှင်။မနက်မိုးလင်းလို့မျက်စိနှစ်လုံးပွင့်တာနဲ့ ကျမရဲ့တစ်နေတာလုပ်ငန်းလေးတွေကို စရတော့တာပါပဲ။မျက်နှာသစ်၊ သွားတိုက်ပြီးတာနဲ့ထမင်းအိုးဆန်ဆေးပြီးခလုတ်နှိပ်ထားလိုက်တယ်။အခန်းဖော်သူငယ်ချင်းတွေနဲ့ တို့ဒီနေ့ဘာဟင်းချက်စားကြမလဲလို့တိုင်ပင်တယ်(ဟဲဟဲ...တိုင်ပင်တယ်ဆိုလို့ အများကြီးချက်စားနေတယ်လို့မထင်နဲ့နော်..လူအထင်ကြီးအောင်ရေးလိုက်တာ။တကယ်တမ်းတော့ဟင်းနှစ်မျိုးလောက်ကို မနည်းမီအောင်ချက်ရတယ်)။သူငယ်ချင်းသုံးယောက်ဟင်းအတူတူချက်ကြတယ်။ထမင်းဟင်းကျက်လို့ နာရီကြည့်လိုက်တဲ့အခါမှာ ၇နာရီခွဲနေပြီ။သုံးယောက်သား အမြန်အမြန်ရေချိုးရတယ်။ဘာလို့လဲဆိုတော့ဖယ်ရီကားသမားကြီးက၈နာရီထိုးပြီးတာနဲ့ တန်းထွက်တာ။အရင်ကတော့၈:၁၅နာရီမှထွက်တာပါ။အခုဖယ်ရီကားသမားကြီးက မစောင့်တော့အမြန်လုပ်ရတာ။ရုံးယူဖို့ထမင်းချိုင့်ကလည်းထည့်ရသေးတယ်။မနက်စာဆိုရင်လည်း မနက်တိုင်းလိုလိုမစားရတာက များနေတာ။ကောဖီတစ်ခွက်ကိုတောင် အပြေးအလွှားသောက်ရတယ်။ဘ၀ကခါးတယ်နော်........။ကိုယ့်ဘာသာကိုယ်ချက်စားရတာဆိုတော့လေ ထမင်းကစားလို့မကောင်းဘူး။နဂိုကမှပိန်ရတဲ့အထဲ စားမကောင်းတော့စဉ်းစားသာကြည့်ကြပါတော့ရှင်။လူလည်းကြာရင်အရိုးပဲကျန်တော့မယ်ထင်တယ်။အိမ်ကမေမေကလည်းပြောလှပြီ "မေ့သမီးအိမ်တစ်ခေါက်ပြန်လာတိုင်း ပိုပိုပိန်သွားတယ်တဲ့..ဘာလို့လဲ..အလုပ်ထဲမှာပင်ပန်းလို့လားလို့"မေးရှာတယ်။မေမေက"သမီးရယ်အလုပ်ဝင်တာမှ သုံးလတောင်မပြည့်သေးဘူး လူကပိန်နေပြီအစားများများစားပါတဲ့"။မေမေကကျမကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာတာ။ထမင်းမစားလို့ပိန်တယ်ဆိုပြီး ထမင်းချိုင့်ကိုကြီးတာနဲ့တောင် လှယ်ပေးလိုက်သေးတယ်။ဒီကဖြင့်ထမင်းကိုကောင်းကောင်းမစားချင်တာ။ကျမဘ၀ကတော့ဖြင့် အလုပ်ဝင်မှပဲပြေးပြေးလွှားလွှားပါပဲ။ဖယ်ရီမီအောင်လို့မနက်တိုင်း ပြေးနေရတယ်။
Posted by theint at 7:24 PM
1 comments:
သဇင်ဏီ said...
အတူတူပဲ...ကိုယ့်ဟာကိုယ်ချက်စားမှတော့ ဘယ်ကောင်းမလဲဟာ.. မစားနိုင်တော့ပိန်ပီပေါ့.. ဟီး
December 27, 2007 12:13 AM
Post a Comment
Posted in ရောက်တတ်ရာရာ by theint | 0 comments
Subscribe to:
Posts (Atom)