ချစ်သောသက်ြန်  

Sunday, March 30, 2008

ဘာလိုလိုနဲ့ မတ်လကုန်လို့ ဧပရယ်လကို ရောက်တော့မှာပါလား.....။ ဧပရယ်ရောက်တော့မယ် ဆိုတာနဲ့ ကိုယ့်ကိုယ်ကို အသက်တစ်နှစ်ကြီးတော့မယ်ဆိုတာ သတိပေးနေသလိုပဲ။ နောက်မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့ အတာသင်္ကြန်ပွဲလေးလည်း ရောက်တော့မှာပါလား။ သင်္ကြန်ကိုအမြန်ရောက်ချင်တယ်.......။ ကျမရဲ့ ငယ်သူငယ်ချင်းလေးတွေနဲ့ တွေ့ချင်လို့...။ ကျမတို့သူငယ်ချင်း (၉) ယောက်ဟာ သင်္ကြန်ရောက်ရင် ဆုံတွေ့နေကျ။ သူငယ်ချင်း(၉) ယောက်မှာ ကောင်လေး(၃)ယောက်၊ ကောင်မလေးက(၆)ယောက်ပါ။
လူတိုင်းမှာ သင်္ကြန်အမှတ်တရလေးတွေ ရှိကြပါလိမ့်မယ်။ သင်္ကြန်လမှာ မွေးတဲ့ ကျမအဖို့ကတော့ သင်္ကြန်ဟာ အမြဲအမှတ်တရပါပဲ။ သင်္ကြန်ကို ချစ်တယ်....၊ သင်္ကြန်ကို မြတ်နိုးတယ်....၊ သင်္ကြန်မှာပျော်တယ်....၊ သင်္ကြန်.....တယ်...။

AddThis Social Bookmark Button


1 comments: to “ ချစ်သောသက်ြန်