ဒဏ်ရာနဲ့နှလုံးသား  

Tuesday, March 24, 2009

သိပ်ချစ်ခဲ့မိပါတယ်

အသစ်စက်စက်နှလုံးသားတစ်စုံ

ပေးခဲ့မိတာတောင်

မယုံဘူးလို့မဆိုလိုက်ပါနဲ့။

ဦးနှောက်နဲ့နှလုံးသား

လွန်ဆွဲတဲ့ပွဲမှာ

ငါ့ရင်ဘတ်ကြီးထဲက

ဒဏ်ရာနဲ့နှလုံးသားလေးပဲ

ကျန်နေလေရဲ့။

AddThis Social Bookmark Button


ပန်းပွင့်အရေအတွက်နဲ့သင်္ကေတ  

Tuesday, February 10, 2009


၁ပွင့် ..... မင်းကကိုယ့်ရဲ့တစ်ဦးတည်းသောအချစ်
၂ပွင့် ..... မင်းနဲ့ကိုယ် အပြန်အလှန် မှီခိုဆက်သွယ်နေတယ်
၃ပွင့် ..... I Love You
၎ပွင့် ..... သစ္စာတရားနှင့် ကတိပြုလျှက်
၅ပွင့် ..... နောင်တမရှိဘူး
၆ပွင့် ..... အဆင်ပြေချောမွေ့
၇ပွင့် ..... မင်္ဂလာရှိသောကိစ္စနှင့် တွေ့ကြုံတဲ့အခါ
၈ပွင့် ..... ပေးဆပ်သည်
၉ပွင့် ..... နှစ်ပေါင်းရှည်ကြာစွာ အချင်းချင်းပြုစု စောင့်ရှောက်မှုခိုင်မြဲ
၁၀ပွင့် ..... ခြောက်ပြစ်ကင်း သဲလဲစင်
၁၁ပွင့် ..... အချစ်ဆုံး
၁၂ပွင့် ..... ချောမွေ့ပြေပြစ်သည်
၂၄ပွင့် ..... အချိန်မရွေး အမြဲမလပ် မင်းကိုလွမ်း သတိရတယ်
၃၃ပွင့် ..... သုံးဘဝ သုံးကမ္ဘာ
၅၀ပွင့် ..... ထာဝစဉ် ရှင်သန်လျက်ရှိသော အချစ်
၆၆ပွင့် ..... ရေစီးကြောင်းကလေးကဲ့သို့ အမြဲမပြတ် စီးဆင်းလျှက်
၉၉ပွင့် ..... မိုးကောင်းကင်နှင့် ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်စွာ တည်ရှိမည်
၁၀၀ပွင့် ..... အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း၊ ရာသက်ပန်ပေါင်း
၁၀၁ပွင့် ..... ထာဝစဉ် ထာဝရ
၁၀၈ပွင့် ..... မပြီးဆုံးနိုင်တဲ့ အချစ်၊ မကုန်ဆုံးနိုင်တဲ့ အချစ်
၃၆၅ပွင့် ..... နေ့တိုင်းသတိရတယ်
၉၉၉ပွင့် ..... မိုးကောင်ကင်နှင့်ဝသုန်မြေကဲ့သို့ ကာလထောင်ရှည်ကြာစွာတည်ရှိမည်
၁၀၀၀ပွင့် ..... နှစ်ပေါင်းတစ်သောင်းတိုင်အောင် မင်းကိုချစ်တယ်

လက်ကမ်းစာစောင်လေးကနေ ကူးယူဖော်ပြထားတာပါ။ သင်ကော သင့်ချစ်သူကို ပန်းဘယ်နှစ်ပွင့် ပို့မှာလဲ..။

AddThis Social Bookmark Button


Tuesday, February 3, 2009

(၃)ရက်နေ့ကရုံးမှာ အလုပ်အတွက် အင်တာဗျူးဖြေဖို့ လူတွေအများကြီး တွေ့ရတယ်။ ခေါ်မှာက (၃၅)ယောက်ထဲ လာဖြေကြတာက(၆၀)ကျော်လောက်ရှိနေတာ။ ဒါတောင် နေ့စားခေါ်တာရယ်။ အလုပ်တစ်ခုရဖို့တောင် မလွယ်တော့ပါလား။ လာဖြေကြရတဲ့သူတွေလည်း သနားပါတယ်။ နေ့စားလေးရဖို့တောင် အဝေးကြီးကနေ တကူးတက လာဖြေကြရတာ။ အလုပ်ကထွက်ဖို့သာ လွယ်တာ။ အလုပ်တစ်ခုရဖို့ကျ တော်တော်မလွယ်တာပါလား။

AddThis Social Bookmark Button


Monday, January 26, 2009

ဘဝမှာ မမျှော်လင့်ပဲ လူတစ်ယောက်နဲ့ ခင်ခဲ့သိခဲ့တယ်။ ခင်ခဲ့တဲ့အချိန်အတိုင်းအတာလေးဟာ တိုတောင်းပါတယ်။ ခုတော့ကျမရဲ့ဘဝမှာလေ အဲဒီလူနဲ့ခင်ခဲ့သိခဲ့ဘူးတယ်ဆိုတာ မရှိခဲ့ရင်ကောင်းမှာပဲ။ ဖြစ်နိုင်ရင်ကျမဘဝရဲ့ အစိတ်အပိုင်းထဲမှာ လူတစ်ယောက်နဲ့ပက်သက်ခဲ့ဘူးပါလားဆိုတာကို ကျန်မနေစေချင်တော့ဘူး။ ပက်သက်ခဲ့မိဘူးတဲ့ ကာလအပိုင်းအခြားလေးကို ဖျက်ပစ်လို့ရရင်ကောင်းမှာပဲ။

AddThis Social Bookmark Button


အညာခံရခြင်း  

Thursday, January 22, 2009

ချစ်တတ်တဲ့ နှလုံးသား
နုနယ်တဲ့ ခံစားချက်တို့ရဲ့စေရာ
ချစ်ရသူ မင်းအတွက်
ကဗျာစပ်ခဲ့တယ်။
တို့အတွက် စပ်ဖူးတဲ့
ကဗျာများစွာ အဟုတ်မှတ်လို့
ရင်ဘတ်နဲ့ အပြည့်ခံစားပြီးမှ
အညာခံရတဲ့အဖြစ်
အချစ်စစ်ရေ.....
ခုတော့.....ရယ်နိုင်ခဲ့ပါပြီ။
နှုတ်ဆက်လက်ပြပြီးမှ
တိတ်တဆိတ်ခံစား
ကြိတ်မှိတ် အသည်းကွဲ
အလွမ်းမျက်ရည်တွေလဲ
ပင်လယ်ဝေခဲ့ရပြီ။

AddThis Social Bookmark Button


နှုတ်ဆက်ခွဲခွာမှု  

ဇန်နဝါရီ(SUNDAY)တစ်ရက်ရဲ့
ညနေခင်းတစ်ခု
နှုတ်ဆက်ခွဲခွာမှုတွေနဲ့ အဆုံးသတ်
တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းထဲက
မင်း နှုတ်ဆက်ပြီး
အဝေးတစ်နေရာမှာ
ပျော်နေတော့မယ်ပေါ့။
ထိန်းချုပ်မှုတွေနောက်က
ဝမ်းနည်းကြွေကွဲမှုတွေ
မင်းသာခံစားတတ်မယ်ဆို
အလွယ်တကူ သိနိုင်လေရဲ့။

AddThis Social Bookmark Button


အမေ့မှာတမ်း  

Sunday, December 14, 2008

ဆရာချစ်စံဝင်းရေးထားတဲ့ ကဗျာလေးပါ။ လေးနက်တဲ့ စာသားလေးတွေနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေးမို့ ညီအစ်ကိုမောင်နှမတွေ ဖတ်ရအောင် မျှဝေလိုက်ပါတယ်....။


အမေ့မှာတမ်း

အမေက သားကိုမှာတယ်
ကောင်းပြီသား
အမေပြောမယ်...။
ဘဝဆိုတာ ချောမွေ့ကြည်လင်နေတဲ့ ကျောက်သလင်း
လှေကားထစ်တွေ မဟုတ်ဘူး...။
ဘဝခရီးအတက်လမ်းမှာ
သံမှိုတွေရှိတယ်
ဆူးတွေ ငြောင့်တွေ အဖုအထစ်တွေ ရှိတယ်။
ဘဝအတက်လှေကား
ပျဉ်ချပ်တွေကလဲဆွေးလို့
တစ်ချိန်လုံးလဲ တက်နေရတာပဲ။
လှေကားထိပ်ရောက်သွားတဲ့အခါ
ဒေါင့်ချိုးနေရာတွေကို တွေ့ရမယ်။
တစ်ခါတစ်ရံ အမှောင်ထဲလဲ သွားရတယ်။
မီးမရှိတဲ့နေရာတွေပေါ့...
ဒါပေမယ့်- နောက်ပြန်မလှည့်နဲ့သား
ပင်ပန်းလှပါရဲ့ဆိုပြီး
လှေကားထစ်တွေပေါ်မှာလည်း ရပ်မနေနဲ့
လိမ့်လည်း မကျစေနဲ့
သားတာဝန်ကတော့ ဆက်သွားရမှာပဲ။
နားမနေနဲ့သား
ဆက်တက်...ဆက်တက်
ဆက်သွား...ဆက်သွား
ဘဝဆိုတာ သလင်းလှေကားထစ်တွေလို
ချောမနေဘူး...။

AddThis Social Bookmark Button