အိမ်သစ်တက်မင်္ဂလာ ဖိတ်ကြားလွှာ
Wednesday, January 30, 2008
အချိန်- ၂၄နာရီ
နေရာ- shwegyanthu.blogspot.com
ဧည့်ခံ- ဘူဖေးစနစ် (http://www.lulucooking.blogspot.com)
Posted in ဖိတ်စာ by theint | 3 comments
၂၈ရက်နေ့ဟာ ကျမဘဝရဲ့ ပျော်စရာနေ့လေး တစ်နေ့ပါ။ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ ချစ်သယ်ရင်းလေးနဲ့ ပြန်တွေ့ခဲ့လို့ပါ။ ချစ်သယ်ရင်းလေးက "စ" လုံး ကိုထွက်သွားတာ။ သူနဲ့ မတွေ့ရတော့ဘူးလို့ ထင်ထားတာ။ ပြန်တွေ့ရတော့ အတိုင်းမသိ ဝမ်းသာမိတယ်။ သူကလည်း ကျမကိုလွမ်းတယ်။ ကျမကလည်း သူ့ကိုလွမ်းတယ်။ (သူဆိုတာ... ငယ်သယ်ရင်းလေး ဆွေအေးပါ)။
Posted in အမှတ်တရ by theint | 0 comments
သူငယ်ချင်းရယ်.......
အနေဝေးလို့
စိမ်းသွားပြီလို့
မဆိုလိုက်ပါနဲ့နော်...။
သူငယ်ချင်းရယ်.......
သူငယ်ချင်းသစ်တွေ့လို့
မေ့သွားပြီလို့မပြောလိုက်ပါနဲ့နော်...။
သူငယ်ချင်းရယ်.......
မင်း နဲ့ ငါ ဟာ
ငယ်ဘ၀တည်းက
သံယောဇဉ်
ရစ်နှောင်ခဲ့တာ ကြာပြီမို့
အချိန်တွေနှောင်းသွားလည်း
မပြတ်ခိုင်မာ မြဲမြံနေမှာပါ...။
Posted in ကဗျာ by theint | 0 comments
တနေ့ကပေါ့......။ ကျမရဲ့ သူငယ်ချင်းလေးနဲ့ စပ်မိစပ်ရာ အကြောင်းလေးတွေပြောရင်း.....။
သူငယ်ချင်းက သူ့ခွေးလေးတွေ အကြောင်းပြောတော့ ကျမရဲ့ တစ်ကောင်တည်းသော ခွေးလေးကို
သတိရလို့ ဒီ post လေးတင်ဖြစ်တာပါ။ တိရိစ္ဆာန်လေးတွေကို ချစ်လိုက်တာ။ အထူးသဖြင့်ခွေးလေးတွေကို ပိုချစ်တယ်.....။ ငယ်ငယ်တုန်းကဆို ခွေးလေးတွေ အရမ်းမွေးချင်တာ။ မေမေကအိမ်မှာ ပေးမမွေးဘူးလေ။ မေမေကသက်ရှိခွေးလေးတွေကို ပေးမမွေးတော့ သက်မဲ့ဖြစ်တဲ့ အရုပ်လေးတွေနဲ့ သူငယ်ချင်းအိမ်က ခွေးလေးကိုပဲ ချစ်ရတာ။ သူများအိမ်ကခွေး အိမ်ကိုခဏ လာလည်ရင်တော့ ရတယ်။ အိမ်မှာခွေးမမွေးရဘူး ဆိုပေမဲ့ ကျမမှာလေ တိုးလုံဆိုတဲ့ ခွေးလေးတစ်ကောင်တော့ရှိဘူးတယ်။ တိုးလုံလေးကျမတို့အိမ်ကို ရောက်လာတာမထူးဆန်းပါဘူး။ မထူးဆန်းတဲ့ဆောင်းတွင်း နေ့လေး တစ်နေ့မှာ တိုးလုံလေးရဲ့မိခင် ခွေးမကြီးက ကျမတို့အိမ်ကို ရောက်လာတယ်။ ခွေးမကြီးကကိုယ်ဝန်ကြီးနဲ့လေ။ မေမေကလည်း ခွေးမကြီးကိုမြင်တော့ မောင်းမထုတ်ရက် တာနဲ့ အိမ်မှာကျွေးထားလိုက်တာ။ ဘယ်အိမ်က ခွေးမှန်းမသိဘူး။ သနားလို့ခေါ်ထားတာ။ ကံဆိုးချင်တော့ ခွေးမကြီးက ခွေးလေးတွေ မွေးပြီးတာနဲ့ သေသွားတယ်။ သူ့ကလေး လေးတွေလည်း အကုန်သေကုန်တယ်။ ၀၀တုတ်တုတ်နဲ့ ချစ်စရာကောင်းတဲ့ ခွေးလေး တစ်ကောင်ပဲ ကျန်ခဲ့တယ်။ အဲဒီမှာ ခွေးလေးတွေ မွေးချင်တဲ့ ကျမအတွက် အိုကေသွားတာပေါ့....။ ချစ်စရာကောင်းတဲ့ခွေးလေးကို တိုးလုံလို့ နာမည်ပေးလိုက်တယ်။ တိုးလုံလေးဟာအရမ်းသနားစရာကောင်းတာ။ သူ့ကိုမွေးပြီးပြီးချင်း သူ့ရဲ့မိခင်လည်းသေ....... သူ့မွေးချင်းတွေလည်းသေ....နဲ့....။ တိုးလုံလေးအတွက် ကျမတို့မိသားစုအလုပ်တွေရှုပ်ကုန်တာပေါ့။ ဆောင်းတွင်းဆိုတော့လေ သူ့ကိုစောင်တွေနဲ့ သေချာထုပ်ပိုးပြီးမှ သိပ်ရတာ။ နွားနို့တွေ ဘီစကစ်တွေ ကျွေးတော့ တိုးလုံလေးဟာ နဂိုထက်ပိုပြီး ၀တုတ်လာတော့ တော်တော်လေး ချစ်စရာကောင်းတယ်။ ကျမသွားတဲ့နောက်ကို တကောက်ကောက်နဲ့လိုက်နေတာ။ တစ်အိမ်လုံးမှာမှ သူကကျမကိုပိုပြီးခင်တာလေ။ စိတ်မကောင်းစရာ ကောင်းတာကလေ တိုးလုံလေးကို ကျမတို့ ဂရုတစိုက် ကျွေးမွေးခဲ့ပေမဲ့ တိုးလုံလေးဟာ သေသွားရှာတယ်။ အဲဒီနေ့က ကျမတော်တော်ဝမ်းနည်းခဲ့ရတယ်။ မေမေက အဲဒါကြောင့် အိမ်မှာ တိရိစ္ဆာန်လေးတွေ မမွေးချင်တာတဲ့...။ ခုလိုမျိုးတွေ ဖြစ်သွားရင် စိတ်မကောင်းလို့တဲ့....။
ကျမရဲ့....တိုးလုံလေးကို သတိရလို့ ရေးလိုက်တာပါ.....။
Posted in စပ်မိစပ်ရာ by theint | 0 comments
Tuesday, January 15, 2008
ဝမ်းသာဂုဏ်ယူမိပါတယ် ချစ်သူငယ်ချင်းလေးရေ။
မင်းရဲ့ဆန္ဒတွေပြည့်ဝခဲ့ပါပြီ။ အတိုင်းမသိကို ကျေနပ်ပိတိ ဖြစ်မိပါတယ်။
နတ်သမီးတမျှ
လှပ လှတဲ့သူငယ်ချင်း
မင်းဘ၀ လိုအင်ဆန္ဒ
မရမရှိ ရရှိစေသား
မင်းရည်မှန်းချက်
ပြည့်စုံ အောင်မြင်
လူတကာချစ်တဲ့
ဆရာဝန်မကြီး ဖြစ်ပါစေလို့.......။
Posted in ဆုတောင်း by theint | 0 comments
Wednesday, January 9, 2008
သမိုင်းတလျှောက်
တို့ခေတ်ရောက်
လူငယ်အားမာန်မွေးမြူရန်.....
မကောင်းစိတ်ထား
ဖယ်ကာရှား
ကောင်းဖို့ရော်ရည်
ရှေ့သို့ချီ.....
ကောဇာသက္ကရာဇ်
နှစ်ထူးဖြစ်
ပျော်ရွှင်စိတ်နှလုံးအစဉ်ပြုံး.....
လိပ်စာအစုံ
ပေါင်းစုပုံ
ညီညွတ်စိတ်ထား
တို့ကျောင်းသား။
Posted in ကျောင်းသားဘဝက ကဗျာလေးပါ by theint | 0 comments
Friday, December 28, 2007
အခုတလော blogger လောကမှာ tag ဆိုတာလေးဟာရေပန်းစားနေတယ်ဗျာ........
tag ဆိုတာဘာမှန်း ညာမှန်းမသိဘဲနဲ့ ကျွန်တော် tagခံရတာ...........
tag ဆိုတော့လည်း tag ရမှာပေါ့ဗျာ........................................
"ဒီဇင်ဘာ၃၁ရက်မှတ်တမ်းများ" တဲ့........................................။
"ဒီဇင်ဘာ၃၁"......."ဒီဇင်ဘာ၃၁"........အဲ.ဘယ်ကစရေးရမလဲ......
ဒီဇင်ဘာ၃၁ရက်ဆိုမှတော့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်ပေါ့နော့်။
မှတ်တမ်းရယ်လိုတော့ သိပ်မရှိပါဘူး..................................။
အဆောင်သူဘ၀က ပျော်စရာလေးတွေကို လွမ်းတယ်ဗျာ..........................
မှတ်မှတ်ရရပါပဲ ဒီဇင်ဘာ၃၁ရက်... ချစ်သူငယ်ချင်းလေးရဲ့မွေးနေ့...............
စတုတ္ထနှစ်ကျောင်းသူ ဘ၀ကပေါ့ဗျာ အဆောင်မှာ သူငယ်ချင်းတွေနဲ့ နှစ်သစ်ကို
မီးပုံပွဲလေးလုပ်ပြီး ကြိုခဲ့ဘူးတယ်...။ မုန့်တွေလည်းအများကြီးလုပ်စားသေးတယ်။
ခေါက်ဆွဲကြော်တွေ၊ အကင်တွေစားတယ်။ ကော်ဖီလည်းသောက်တယ်... နောက်ပြီး
ထန်းမြစ်တွေလည်း ဖုတ်စားတယ်...။ အဟိတော်ပြီ ရေးတော့ဘူး... ကိုရန်အောင်ကြီး
စားချင်နေလိမ့်မယ်။ အဲဒီညက သူငယ်ချင်းတွေ တော်တော်ဆိုးတယ်ဗျာ တစ်ယောက်
ချင်းဆီရဲ့ ရင်တွင်း ခံစားချက်လေးတွေ ပြောပြခိုင်းတာ။ အနာ့်ရဲ့လျှို့ဝှက်ခံစားချက်တွေ
ပေါ်ကုန်တာပေါ့ဗျာ...(အဲဒါလေးတော့ ထည့်မရေး ပါရစေနဲ့နော်.....)။၁၂နာရီထိုးအောင်
စောင့်နေပြီး ၁၂နာရီထိုးတာနဲ့ အသံပြဲကြီးတွေနဲ့ (ဟဲဟဲ အနော်ပါဘူးနော်.....အသံပြဲတဲ့ထဲ)
"Happy New Year" လို့အော်ကျတာ။ တကယ့် ကလေးငယ်လေး တစ်ယောက်လိုပဲ
စိတ်လွတ်ကိုယ်လွတ်ပဲ။ စာမေးပွဲနီးပေမယ့်အဲဒီညကတော့ အပျက်ကိုပျော်ပစ်လိုက်တယ်........လွမ်းတယ်ဗျာ................... ကျောင်းသူဘ၀က ဒီဇင်ဘာ၃၁.........................ကဲနှစ်ဟောင်းကုန်လို့.............နှစ်သစ်ကူးတော့မယ်.........မိတ်ဆွေတို့ရေ..........။ မိတ်ဆွေတို့ရော ဘယ်လိုလဲ........ အနော်ကတော့ နှစ်သစ်ကူး တော့မယ်ဆိုတာနဲ့အကြွေးမကျန်ချင်ဘူး။ ကိုရန်ရေ.............ကိုရန်ရဲ့အကြွေးကို နှစ်မကူးခင် အကျေဆပ်လိုက်ပြီနော်................။ အကြွေးကျေပြီနော်။:Pအားလုံးပဲနှစ်သစ်မှာပျော်ရွှင်ပါစေ.................။
2 comments:
Yan said...
ဂွတ်ဂွတ်ဂွတ်...
ဂလိုမှပေါ့ဗျာ.
ဟဲဟဲ.
အကြွေးကျေသွားပြီဆိုတော့ ဒေ၀ါလီခံရတော့ဘူးပေါ့
ဟားဟားဟား
စကားမစပ်. ထန်းမြစ်တကယ်ဖုတ်စားတာလား
နယူးရီးယားကို ထန်းမြစ်နဲ့ မကြိုကောင်းဘူး သိရဲ့လား. သူက ရှည်လို့လေ.
ပဲမြစ်နဲ့ပဲ ကြိုရတယ်.ဟတ်ဟတ်ဟတ်အော်ပြီဗျား
ထန်းမြစ်နယူးရီးယား
ပဲမြစ်နယူးရီးယား
ဟတ်ပီးနယူးရီးယားးးးးး
ခင်တဲ့ရန်အောင်
December 29, 2007 4:05 AM
မေပျို said...
သိမ့်က ထန်းမြစ်ကြိုက်တယ် ထင်တယ်နော်။ သဲတို့မိသားစုလည်း
နယူးရီးယားဆို အိမ်မှာ ပျော်ပွဲရွှင်ပွဲ လုပ်လေ့ရှိတယ် သိလား။
၁၂နာရီကျော်ရင် သိမ့်တို့လို ပဲ အော်ကြတာ
December 29, 2007 5:42 AM
Posted in tag by theint | 0 comments
Wednesday, December 26, 2007
ငယ်ရွယ်စဉ်မှ ကလေးဘဝ
တွယ်တာခဲ့တဲ့ သံယောဇဉ်
သွားတူလာတူကစားတူနဲ့
နွယ်ယှက်ခဲ့တဲ့ သံယောဇဉ်
ကျောင်းသွား ကျောင်းပြန်
ပညာသင်ရင်း ငြိတွယ်ခဲ့တဲ့
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်
တစ်ဦးရင်တွင်း လိုအပ်ခြင်းကို
ကျန်ငါးဦးက အနစ်နာခံ၍
ဖြည့်ဆည်းပေးရန်
အသင့်ရှိနေပြန်တဲ့ သံယောဇဉ်
သူငယ်ချင်း(၆)ယောက်ကြား
ကြားလူ မဖျက်သာရှိနေပါလည်း
တစ်ခါတစ်ရံ
သိပ်နောက်တဲ့အခါနောက်
စိတ်ကောက်တဲ့အခါကောက်
မပြတ်ခိုင်မာမြဲမြံတာက
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ပါ။ ။
linoo2007 said...
ကောင်းတယ် ကဗျာလေးက.... ဆက်ရေးပါဦး... သံယောဇဉ်လေး...
December 27, 2007 1:38 AM
kthuyein said...
သံယောဇဉ် ... သံယောဇဉ် ... ကောင်းတယ်ဗျာ။ဒီကဗျာကို ကြိုက်သွားပြီ။ အားပေးလျှက်......
December 28, 2007 1:26 AM
Posted in ကဗျာ by theint | 0 comments
Tuesday, December 25, 2007
ဥပေက္ခာခြေလှမ်း
နေ့စွဲ-၁၄.၂.၂၀၀၂
တရားခံ-ကျွန်မ
တရားလို-သူ
အချစ်ရေးကို လျစ်လျူရှု
ဥပေက္ခာပြုရက်သူလို့
အချစ်ရုံးတော်မှာ
ပုဒ်မ၁၅၀၀နဲ့
တစ်ဖက်သက်စွဲချက်တင်ခဲ့လို့
"Ruby Tea House" မှာ
လက်ဖက်ရည်နှစ်ခွက်နှင့်အတူ
အယူခံဝင်ရင်း
တယူသန်အထင်များ
အမြင်တွေမမှားရအောင်
သစ္စာတရားကိုသက်သေပြု
လျှောက်လွှဲချက်တွေနဲ့ တုချေခဲ့ပေမဲ့
သူကိုယ်တိုင်တရားသူကြီးလုပ်
လမ်းခွဲနှုတ်ဆက်စာကို
ဇွတ်အတင်း တင်ခိုင်းပြီး
"မေ့လိုက်တော့"ဆိုတဲ့အမိန့်ကို
သူ့စိတ်ကြိုက် ချမှတ်လိုက်တယ်...။
သူ့အလိုကျ
အချစ်ဆိုတာပျက်
သံယောဇဉ်ကြိုးကို ဖျက်ကာ
အထက်ပါဆုံးဖြတ်ချက်ကို
တသက်တာအတည်ပြုရင်း
ဒူးထောက်ခေါင်းငုံ့
အရှုံးပေးလိုက်ပါတယ်။ ။
2 comments:
သဇင်ဏီ said...
သနားပါတယ်... ကဗျာထဲကကောင်မလေးက :(
December 26, 2007 10:41 PM
မောင်လူအေး said...
ကျွန်တော် ဖတ်ဖူးတဲ့ နောက်ကဗျာတစ်ပုဒ်မှာတော့ ကောင်မလေးကို တစ်သက်တစ်ကျွန်း ထောင်ချလိုက်တယ် ဆိုပဲဗျ... အိမ်ထောင်လေ... ဟ ဟ ဟ ... ကဗျာလေး ကောင်းပါတယ်ဗျို့....
Posted in ကဗျာ by theint | 0 comments
Tuesday, December 25, 2007
ပြေးပြေးလွှားလွှားကျမဘဝ
ကျမဘ၀ကိုပြောပြရမယ်ဆိုရင်ဖြင့် မနက်မိုးလင်းအိပ်ရာထချိန်လေးကနေစပြောပါရစေရှင်။မနက်မိုးလင်းလို့မျက်စိနှစ်လုံးပွင့်တာနဲ့ ကျမရဲ့တစ်နေတာလုပ်ငန်းလေးတွေကို စရတော့တာပါပဲ။မျက်နှာသစ်၊ သွားတိုက်ပြီးတာနဲ့ထမင်းအိုးဆန်ဆေးပြီးခလုတ်နှိပ်ထားလိုက်တယ်။အခန်းဖော်သူငယ်ချင်းတွေနဲ့ တို့ဒီနေ့ဘာဟင်းချက်စားကြမလဲလို့တိုင်ပင်တယ်(ဟဲဟဲ...တိုင်ပင်တယ်ဆိုလို့ အများကြီးချက်စားနေတယ်လို့မထင်နဲ့နော်..လူအထင်ကြီးအောင်ရေးလိုက်တာ။တကယ်တမ်းတော့ဟင်းနှစ်မျိုးလောက်ကို မနည်းမီအောင်ချက်ရတယ်)။သူငယ်ချင်းသုံးယောက်ဟင်းအတူတူချက်ကြတယ်။ထမင်းဟင်းကျက်လို့ နာရီကြည့်လိုက်တဲ့အခါမှာ ၇နာရီခွဲနေပြီ။သုံးယောက်သား အမြန်အမြန်ရေချိုးရတယ်။ဘာလို့လဲဆိုတော့ဖယ်ရီကားသမားကြီးက၈နာရီထိုးပြီးတာနဲ့ တန်းထွက်တာ။အရင်ကတော့၈:၁၅နာရီမှထွက်တာပါ။အခုဖယ်ရီကားသမားကြီးက မစောင့်တော့အမြန်လုပ်ရတာ။ရုံးယူဖို့ထမင်းချိုင့်ကလည်းထည့်ရသေးတယ်။မနက်စာဆိုရင်လည်း မနက်တိုင်းလိုလိုမစားရတာက များနေတာ။ကောဖီတစ်ခွက်ကိုတောင် အပြေးအလွှားသောက်ရတယ်။ဘ၀ကခါးတယ်နော်........။ကိုယ့်ဘာသာကိုယ်ချက်စားရတာဆိုတော့လေ ထမင်းကစားလို့မကောင်းဘူး။နဂိုကမှပိန်ရတဲ့အထဲ စားမကောင်းတော့စဉ်းစားသာကြည့်ကြပါတော့ရှင်။လူလည်းကြာရင်အရိုးပဲကျန်တော့မယ်ထင်တယ်။အိမ်ကမေမေကလည်းပြောလှပြီ "မေ့သမီးအိမ်တစ်ခေါက်ပြန်လာတိုင်း ပိုပိုပိန်သွားတယ်တဲ့..ဘာလို့လဲ..အလုပ်ထဲမှာပင်ပန်းလို့လားလို့"မေးရှာတယ်။မေမေက"သမီးရယ်အလုပ်ဝင်တာမှ သုံးလတောင်မပြည့်သေးဘူး လူကပိန်နေပြီအစားများများစားပါတဲ့"။မေမေကကျမကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာတာ။ထမင်းမစားလို့ပိန်တယ်ဆိုပြီး ထမင်းချိုင့်ကိုကြီးတာနဲ့တောင် လှယ်ပေးလိုက်သေးတယ်။ဒီကဖြင့်ထမင်းကိုကောင်းကောင်းမစားချင်တာ။ကျမဘ၀ကတော့ဖြင့် အလုပ်ဝင်မှပဲပြေးပြေးလွှားလွှားပါပဲ။ဖယ်ရီမီအောင်လို့မနက်တိုင်း ပြေးနေရတယ်။
Posted by theint at 7:24 PM
1 comments:
သဇင်ဏီ said...
အတူတူပဲ...ကိုယ့်ဟာကိုယ်ချက်စားမှတော့ ဘယ်ကောင်းမလဲဟာ.. မစားနိုင်တော့ပိန်ပီပေါ့.. ဟီး
December 27, 2007 12:13 AM
Post a Comment
Posted in ရောက်တတ်ရာရာ by theint | 0 comments
Saturday, December 22, 2007
*ထာဝရ.....သူငယ်ချင်း*
မင်းမျက်ဝန်းကအချစ်
တို့မြင်ပါတယ်ကွာ
တို့မျက်ဝန်းကအချစ်
မင်းမြင်မှာပါ...။
တို့နှစ်ယောက်ဟာ
တစ်ယောက်နဲ့တစ်ယောက်
သိပ်ချစ်ခဲ့ကြပေမဲ့
ဖွင့်ပြောဖို့ဆိုတာ
မဖြစ်နိုင်တဲ့ အခြေအနေမှာပါ.....။
ဒီတော့.........................
သံယောဇဉ်ကို အချစ်ပြောင်း
အဖြူရောင်ကို အရောင်ဆိုးဖို့
မဖြစ်နိုင်ခဲ့တဲ့အတွက်
တို့နှစ်ရောက်ဟာ
အရင်ကရော အခုရော နောင်ရော
မပြောင်းလဲတဲ့ သူငယ်ချင်းတွေပဲပေါ့။ ။
Posted in ကဗျာ by theint | 0 comments
Thursday, November 29, 2007
ချစ်မေမေသို့ .....
လူ့လောကကြီးထဲရောက်မလာခင်ကတည်းကဂရုတစိုက်ကြင်နာယုယခဲ့သော...လူ့လောကကြီးထဲကိုစတင်မွေးဖွားပေးလိုက်သော...လူ့လောကကြီးထဲရောက်လာတဲ့အချိန်မှာလည်းအကြင်နာတွေအပြည့်အ၀ပေးခဲ့သော...မိခင်လိုတစ်မျိုးဖခင်လိုတစ်ဖုံစောင့်ရှောက်ပေးခဲ့သော...ငယ်ဆရာအရင်းဖြစ်သော...ပညာတတ်ကြီးဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့သော...ယခုအရွယ်ထိရောက်အောင်ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့သော...ချစ်သောမေမေရဲ့ 30.11.2007 မှာကျရောက်တဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေမေရဲ့ချစ်သမီးလေးနှင့် အတူတူနေသွားနိုင်ပါစေလို့....ချစ်မေမေတစ်ယောက် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ဆန္ဒပြုရင်း..မွေးနေ့မှာမေမေပျော်ရွှင်ပါစေ...
Posted in မွေးနေ့ဆုတောင်း by theint | 0 comments
Posted in ဗဟုသုတခရီး by theint | 0 comments
မကြင်လို၍
သူစိမ်းသွားလည်း
သူနှင့်ပြိုင်၍
မမုန်းရက်ပါ......
ဒီလူရင်မှာ
မင်းအတွက်
အချစ်များစွာ
အမြဲထာဝရ
သိမ်းဆည်းဆဲပါ
ချစ်ဦးသူရယ်....။ ။
Posted in ကဗျာ by theint | 0 comments
Posted in ကဗျာ by theint | 0 comments