Showing posts with label ဗဟုသုတခရီး. Show all posts
ကျိုက်ထီးရိုးခရီးစဉ်
Tuesday, January 22, 2008
ကျွန်မတို့ရုံးမှ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလိုက်ပို့မည်ဟု သတင်း
ထွက်နေသည်မှာကြာပါပြီ။ဘုရားလိုက်ပို့မဲ့ရက်နီးလေလေကျွန်မပျော်
လေလေပါပဲ။ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံး အတူတူသွားရမှာဆိုတော့
ပိုပျော်တာပေါ့။ပြီးခဲ့တဲ့ (၁) လပိုင်းကမှ ကျွန်မကျိုက်ထီးရိုးဘုရားကပြန်
လာတာပါ။အဲဒီတုန်းကဘုရားမှာ ဆုတောင်းခဲ့တယ်။နှစ်တိုင်းနှစ်တိုင်း ဆက်
တိုက် လာရောက်ဖူးမြော်ပါရစေလို့။အဲ..ကျွန်မဆုတောင်းပြည့်တယ်ပြော
ရမှာပေါ့နော်။ကျွန်မတို့ (၈) ရက်နေ့မနက် (၁၀) နာရီမှာ နေပြည်တော်-ရန်ကုန်
အမြန်ရထားကြီးစီးပြီး ရန်ကုန်ကိုသွားတယ်။ရန်ကုန်က အဖွဲ့တွေခေါ်ပြီး ကျိုက်
ထီးရိုးကိုကားဌားပြီးသွားကြတယ်။ကားပေါ်မှာ သီချင်းဆိုကြတာပျော်ဖို့ကောင်း
တယ်။ ကျွန်မတို့စီးလာတဲ့ကားကြီးက ကင်ပွန်းစခန်းကို ရောက်လာပြီး နေ့လည်စာ
စားကြတယ်။တောင်တက်ကားနဲ့ ကျိုက်ထီးရိုးတောင်ပေါ် တက်ကြတယ်။ကျိုက်
ထီးရိုးဘုရား ရင်ပြင်တော်ပေါ် ရောက်တော့ ညနေရောက်နေပြီ။ကျွန်မတို့အဖွဲ့ဟာ
ဘုရားဖူးပြီးတာနဲ့ကိုယ်တည်းခိုမဲ့ နေရာတွေဆီသွားပြီး ပစ္စည်းတွေ နေရာချကြတယ်။
ခဏနားပြီး ရင်ပြင်တော်ပေါ်မှာ ဓါတ်ပုံရိုက်ကြတယ်။ညနေစောင်းအချိန်လောက်မှာ
ကျီးကန်းပါးစပ်၊ နတ်ရေတွင်း၊ မုဆိုးတောင် အစရှိတဲ့နေရာတွေကို သွားတယ်။
ညအချိန်မှာ ကျွန်မတို့တစ်ဖွဲ့လုံး ကျိုက်ထီးရိုးဘုရားကြီးကို ဆီမီးတစ်ထောင်
ပူဇော်ကြပြီး ဘုရားရှိခိုး၊ပုတီးစိပ်၊ တရားထိုင်ကြတယ်။နောက်တနေ့မှာ ရေတံခွန်
သွားပြီး လမ်းတစ်လျှောက်မှာ တောတောင်သဘာဝ အလှရှုခင်းကို အပြည့်အဝ
ခံစားပြီး သွားကြတယ်။ ရေတံခွန်မရောက်ခင်မှာ ဘုန်းကြီးကျောင်းရှိတယ်။
ဘုန်းကြီးကျောင်းမှာ ၀င်နားပြီး ရေတံခွန်ဆက်သွားတယ်။ ရေတံခွန်
ရောက်တဲ့အခါမှာ လမ်းတစ်လျှောက် ပင်ပန်းခဲ့သမျှတွေဟာ
အမောကိုပြေသွားတာပါပဲ။ ရေထဲဆင်းပြီး ဆော့ကြ၊ ဓါတ်ပုံရိုက်ကြနဲ့
တော်တော်ကိုပျော်စရာကောင်းပါတယ်။ ရေတံခွန်က အပြန်
ဘုန်းကြီးကျောင်းကိုဝင်ပြီး လှူဖွယ်ဝတ္ထု အစုစုကိုလှူကြတယ်။
ဘုန်းကြီးကျောင်းကကျွေးတဲ့သတ်သတ်လွတ်ထမင်းကိုဆာဆာနဲ့စားလိုက်တာ
တော်တော်စားလို့ကောင်းတယ်။အပြန်ခရီးက တောင်ပေါ်တက်ရတာဆိုတော့
နည်းနည်းမောတယ်။ နောက်တနေ့မနက် (၆း၃၀)နာရီမှာ
တောင်ဆင်းကားနဲ့ ကင်ပွန်းစခန်းကို ပြန်ဆင်းကြတယ်။ ကင်ပွန်းစခန်း
ဈေးဆိုင်တန်းတွေမှာ ဈေးဝယ်ကြပြီး ကျွန်မတို့ဌားလာတဲ့
ကားကြီးနဲ့ ရန်ကုန်ပြန်ကြခဲ့တယ်။ ရန်ကုန်မှာ ညအိပ်ပြီး နောက်တနေ့
နေ့လည်(၁)နာရီမှာ ရန်ကုန်-နေပြည်တော် အမြန်ရထားကြီးစီးပြီး
နေပြည်တော်ကို ပြန်ခဲ့ကြတယ်။ ရထားကြီးပေါ်မှာ ကျွန်မတို့သူငယ်ချင်း
တစ်ဖွဲ့လုံး သီချင်းအော်ဆိုကြတာ ပျော်စရာ အရမ်းကောင်းတာပဲ။
ကျိုက်ထီးရိုးဘုရားရဲ့ တန်ခိုးကြောင့် ကားမူးတတ်တဲ့ သူငယ်ချင်းဟာ
လမ်းတလျှောက်မှာ လုံးဝကားမမူးဘဲ ကျိုက်ထီးရိုး ဘုရားကြီးကို
အောင်အောင်မြင်မြင်နဲ့ ဖူးမြော်နိုင်ခဲ့ပါတယ်။ ကျိုက်ထီးရိုး ဘုရားကြီးကို
နောက်နှစ်တွေမှာလည်း ကျွန်မ သွားရောက် ဖူးမြော်ချင်ပါသေးတယ်။

Posted in ဗဟုသုတခရီး by theint | 0 comments
Subscribe to:
Posts (Atom)