သ့ယောဇဉ်ဖွဲ့ဆိုခြင်း  

Sunday, January 27, 2008

Wednesday, December 26, 2007


ငယ်ရွယ်စဉ်မှ ကလေးဘဝ
တွယ်တာခဲ့တဲ့ သံယောဇဉ်
သွားတူလာတူကစားတူနဲ့
နွယ်ယှက်ခဲ့တဲ့ သံယောဇဉ်
ကျောင်းသွား ကျောင်းပြန်
ပညာသင်ရင်း ငြိတွယ်ခဲ့တဲ့
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်
တစ်ဦးရင်တွင်း လိုအပ်ခြင်းကို
ကျန်ငါးဦးက အနစ်နာခံ၍
ဖြည့်ဆည်းပေးရန်
အသင့်ရှိနေပြန်တဲ့ သံယောဇဉ်
သူငယ်ချင်း(၆)ယောက်ကြား
ကြားလူ မဖျက်သာရှိနေပါလည်း
တစ်ခါတစ်ရံ
သိပ်နောက်တဲ့အခါနောက်
စိတ်ကောက်တဲ့အခါကောက်
မပြတ်ခိုင်မာမြဲမြံတာက
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ပါ။ ။


linoo2007 said...
ကောင်းတယ် ကဗျာလေးက.... ဆက်ရေးပါဦး... သံယောဇဉ်လေး...
December 27, 2007 1:38 AM
kthuyein said...
သံယောဇဉ် ... သံယောဇဉ် ... ကောင်းတယ်ဗျာ။ဒီကဗျာကို ကြိုက်သွားပြီ။ အားပေးလျှက်......
December 28, 2007 1:26 AM

AddThis Social Bookmark Button