ဥပေက္ခာ...ခြေလှမ်း  

Sunday, January 27, 2008

Tuesday, December 25, 2007

ဥပေက္ခာခြေလှမ်း
နေ့စွဲ-၁၄.၂.၂၀၀၂
တရားခံ-ကျွန်မ
တရားလို-သူ

အချစ်ရေးကို လျစ်လျူရှု
ဥပေက္ခာပြုရက်သူလို့
အချစ်ရုံးတော်မှာ
ပုဒ်မ၁၅၀၀နဲ့
တစ်ဖက်သက်စွဲချက်တင်ခဲ့လို့
"Ruby Tea House" မှာ
လက်ဖက်ရည်နှစ်ခွက်နှင့်အတူ
အယူခံဝင်ရင်း
တယူသန်အထင်များ
အမြင်တွေမမှားရအောင်
သစ္စာတရားကိုသက်သေပြု
လျှောက်လွှဲချက်တွေနဲ့ တုချေခဲ့ပေမဲ့
သူကိုယ်တိုင်တရားသူကြီးလုပ်
လမ်းခွဲနှုတ်ဆက်စာကို
ဇွတ်အတင်း တင်ခိုင်းပြီး
"မေ့လိုက်တော့"ဆိုတဲ့အမိန့်ကို
သူ့စိတ်ကြိုက် ချမှတ်လိုက်တယ်...။
သူ့အလိုကျ
အချစ်ဆိုတာပျက်
သံယောဇဉ်ကြိုးကို ဖျက်ကာ
အထက်ပါဆုံးဖြတ်ချက်ကို
တသက်တာအတည်ပြုရင်း
ဒူးထောက်ခေါင်းငုံ့
အရှုံးပေးလိုက်ပါတယ်။ ။

2 comments:
သဇင်ဏီ said...
သနားပါတယ်... ကဗျာထဲကကောင်မလေးက :(
December 26, 2007 10:41 PM
မောင်လူအေး said...
ကျွန်တော် ဖတ်ဖူးတဲ့ နောက်ကဗျာတစ်ပုဒ်မှာတော့ ကောင်မလေးကို တစ်သက်တစ်ကျွန်း ထောင်ချလိုက်တယ် ဆိုပဲဗျ... အိမ်ထောင်လေ... ဟ ဟ ဟ ... ကဗျာလေး ကောင်းပါတယ်ဗျို့....

AddThis Social Bookmark Button