ပျက်ကွက်မှု
Saturday, March 29, 2008
Posted in ပျက်ကွက်မှု by theint | 0 comments
အိမ်သစ်တက်မင်္ဂလာ ဖိတ်ကြားလွှာ
Wednesday, January 30, 2008
အချိန်- ၂၄နာရီ
နေရာ- shwegyanthu.blogspot.com
ဧည့်ခံ- ဘူဖေးစနစ် (http://www.lulucooking.blogspot.com)
Posted in ဖိတ်စာ by theint | 3 comments
ပျော်စရာနေ့လေးတစ်နေ့
၂၈ရက်နေ့ဟာ ကျမဘဝရဲ့ ပျော်စရာနေ့လေး တစ်နေ့ပါ။ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ ချစ်သယ်ရင်းလေးနဲ့ ပြန်တွေ့ခဲ့လို့ပါ။ ချစ်သယ်ရင်းလေးက "စ" လုံး ကိုထွက်သွားတာ။ သူနဲ့ မတွေ့ရတော့ဘူးလို့ ထင်ထားတာ။ ပြန်တွေ့ရတော့ အတိုင်းမသိ ဝမ်းသာမိတယ်။ သူကလည်း ကျမကိုလွမ်းတယ်။ ကျမကလည်း သူ့ကိုလွမ်းတယ်။ (သူဆိုတာ... ငယ်သယ်ရင်းလေး ဆွေအေးပါ)။
Posted in အမှတ်တရ by theint | 0 comments
ခိုင်မြဲခြင်း
Sunday, January 27, 2008
သူငယ်ချင်းရယ်.......
အနေဝေးလို့
စိမ်းသွားပြီလို့
မဆိုလိုက်ပါနဲ့နော်...။
သူငယ်ချင်းရယ်.......
သူငယ်ချင်းသစ်တွေ့လို့
မေ့သွားပြီလို့မပြောလိုက်ပါနဲ့နော်...။
သူငယ်ချင်းရယ်.......
မင်း နဲ့ ငါ ဟာ
ငယ်ဘ၀တည်းက
သံယောဇဉ်
ရစ်နှောင်ခဲ့တာ ကြာပြီမို့
အချိန်တွေနှောင်းသွားလည်း
မပြတ်ခိုင်မာ မြဲမြံနေမှာပါ...။
Posted in ကဗျာ by theint | 0 comments
ကျမရဲ့.....တိုးလုံလေး....
တနေ့ကပေါ့......။ ကျမရဲ့ သူငယ်ချင်းလေးနဲ့ စပ်မိစပ်ရာ အကြောင်းလေးတွေပြောရင်း.....။
သူငယ်ချင်းက သူ့ခွေးလေးတွေ အကြောင်းပြောတော့ ကျမရဲ့ တစ်ကောင်တည်းသော ခွေးလေးကို
သတိရလို့ ဒီ post လေးတင်ဖြစ်တာပါ။ တိရိစ္ဆာန်လေးတွေကို ချစ်လိုက်တာ။ အထူးသဖြင့်ခွေးလေးတွေကို ပိုချစ်တယ်.....။ ငယ်ငယ်တုန်းကဆို ခွေးလေးတွေ အရမ်းမွေးချင်တာ။ မေမေကအိမ်မှာ ပေးမမွေးဘူးလေ။ မေမေကသက်ရှိခွေးလေးတွေကို ပေးမမွေးတော့ သက်မဲ့ဖြစ်တဲ့ အရုပ်လေးတွေနဲ့ သူငယ်ချင်းအိမ်က ခွေးလေးကိုပဲ ချစ်ရတာ။ သူများအိမ်ကခွေး အိမ်ကိုခဏ လာလည်ရင်တော့ ရတယ်။ အိမ်မှာခွေးမမွေးရဘူး ဆိုပေမဲ့ ကျမမှာလေ တိုးလုံဆိုတဲ့ ခွေးလေးတစ်ကောင်တော့ရှိဘူးတယ်။ တိုးလုံလေးကျမတို့အိမ်ကို ရောက်လာတာမထူးဆန်းပါဘူး။ မထူးဆန်းတဲ့ဆောင်းတွင်း နေ့လေး တစ်နေ့မှာ တိုးလုံလေးရဲ့မိခင် ခွေးမကြီးက ကျမတို့အိမ်ကို ရောက်လာတယ်။ ခွေးမကြီးကကိုယ်ဝန်ကြီးနဲ့လေ။ မေမေကလည်း ခွေးမကြီးကိုမြင်တော့ မောင်းမထုတ်ရက် တာနဲ့ အိမ်မှာကျွေးထားလိုက်တာ။ ဘယ်အိမ်က ခွေးမှန်းမသိဘူး။ သနားလို့ခေါ်ထားတာ။ ကံဆိုးချင်တော့ ခွေးမကြီးက ခွေးလေးတွေ မွေးပြီးတာနဲ့ သေသွားတယ်။ သူ့ကလေး လေးတွေလည်း အကုန်သေကုန်တယ်။ ၀၀တုတ်တုတ်နဲ့ ချစ်စရာကောင်းတဲ့ ခွေးလေး တစ်ကောင်ပဲ ကျန်ခဲ့တယ်။ အဲဒီမှာ ခွေးလေးတွေ မွေးချင်တဲ့ ကျမအတွက် အိုကေသွားတာပေါ့....။ ချစ်စရာကောင်းတဲ့ခွေးလေးကို တိုးလုံလို့ နာမည်ပေးလိုက်တယ်။ တိုးလုံလေးဟာအရမ်းသနားစရာကောင်းတာ။ သူ့ကိုမွေးပြီးပြီးချင်း သူ့ရဲ့မိခင်လည်းသေ....... သူ့မွေးချင်းတွေလည်းသေ....နဲ့....။ တိုးလုံလေးအတွက် ကျမတို့မိသားစုအလုပ်တွေရှုပ်ကုန်တာပေါ့။ ဆောင်းတွင်းဆိုတော့လေ သူ့ကိုစောင်တွေနဲ့ သေချာထုပ်ပိုးပြီးမှ သိပ်ရတာ။ နွားနို့တွေ ဘီစကစ်တွေ ကျွေးတော့ တိုးလုံလေးဟာ နဂိုထက်ပိုပြီး ၀တုတ်လာတော့ တော်တော်လေး ချစ်စရာကောင်းတယ်။ ကျမသွားတဲ့နောက်ကို တကောက်ကောက်နဲ့လိုက်နေတာ။ တစ်အိမ်လုံးမှာမှ သူကကျမကိုပိုပြီးခင်တာလေ။ စိတ်မကောင်းစရာ ကောင်းတာကလေ တိုးလုံလေးကို ကျမတို့ ဂရုတစိုက် ကျွေးမွေးခဲ့ပေမဲ့ တိုးလုံလေးဟာ သေသွားရှာတယ်။ အဲဒီနေ့က ကျမတော်တော်ဝမ်းနည်းခဲ့ရတယ်။ မေမေက အဲဒါကြောင့် အိမ်မှာ တိရိစ္ဆာန်လေးတွေ မမွေးချင်တာတဲ့...။ ခုလိုမျိုးတွေ ဖြစ်သွားရင် စိတ်မကောင်းလို့တဲ့....။
ကျမရဲ့....တိုးလုံလေးကို သတိရလို့ ရေးလိုက်တာပါ.....။
Posted in စပ်မိစပ်ရာ by theint | 0 comments
ချစ်သူငယ်ချင်းလေးအတွက်.....
Tuesday, January 15, 2008
ဝမ်းသာဂုဏ်ယူမိပါတယ် ချစ်သူငယ်ချင်းလေးရေ။
မင်းရဲ့ဆန္ဒတွေပြည့်ဝခဲ့ပါပြီ။ အတိုင်းမသိကို ကျေနပ်ပိတိ ဖြစ်မိပါတယ်။
နတ်သမီးတမျှ
လှပ လှတဲ့သူငယ်ချင်း
မင်းဘ၀ လိုအင်ဆန္ဒ
မရမရှိ ရရှိစေသား
မင်းရည်မှန်းချက်
ပြည့်စုံ အောင်မြင်
လူတကာချစ်တဲ့
ဆရာဝန်မကြီး ဖြစ်ပါစေလို့.......။
Posted in ဆုတောင်း by theint | 0 comments