မွေးနေ့ဆုတောင်း  

Saturday, November 29, 2008




ချစ်သောမေမေရေ....
ဒီနေ့လေးဟာမေမေရဲ့ မွေးနေ့လေးနော်။ မေမေရဲ့မွေးနေ့လေးမှာ မေမေအနားမှာနေမပေးနိုင်တဲ့အတွက် သမီးစိတ်မကောင်းပါဘူးမေမေ။ မေမေနားမှာ နေပေးချင်လိုက်တာမေမေရယ်။ ခုတော့အဝေးကနေပဲ ဆုတောင်းပေးနေမယ်နော်။ ချစ်သောမေမေရဲ့ ၃၀.၁၁.၂၀၀၈ ရက်နေ့မှာကျရောက်တဲ့မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာထိ မေမေရဲ့ချစ်သော သမီးလေးနဲ့ အတူနေသွားနိုင်ပါစေ......။ မေမေတစ်ယောက် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ.....။

AddThis Social Bookmark Button


ဘဝ  

Monday, November 24, 2008

ငယ်စဉ်ကတော့
ပျော်ပျော်ရွှင်ရွှင်
မိဘ မောင်ဘွား
ဆွေမျိုးများနှင့်
ချစ်လိုက် ခင်လိုက်
ရန်ဖြစ်လိုက်နှင့်
ဘဝ ဆိုတာ
မေ့လျော့ခဲ့တယ်။
တစ်ကယ့်လက်တွေ့
ကိုယ်တိုင်တွေ့မှ
ဘဝ ဆိုတာ
နှစ်လုံးတည်းနှင့်
နက်ရှိုင်းလွန်းတယ်။ ။

AddThis Social Bookmark Button


ဒီနှစ်တော့ဝေးပြီထင်ပါတယ်...  

Tuesday, November 4, 2008

ဒီနှစ်တော့ဘယ်မှ လိုက်မပို့တော့ဘူးလား မသိပါဘူး။ ဘာမှလဲပြောသံမကြားရဘူး။ မနှစ်က ဒီလိုအချိန်မှာဆို ကျိုက်ထီးရိုးဘုရားဖူး လိုက်ပို့လို့ ပြန်တောင်လာပြီလေ။ မနှစ်ကလိုပဲ ဘုရားဖူးခရီးထွက်ချင်တယ်။ ကျိုက်ထီးရိုးဘုရားကိုပဲ လိုက်ပို့ရင်ကောင်းမှာပဲ။ အဆောင်မှာ သူငယ်ချင်းတွေ ဆုံဖြစ်ရင်လဲ ကျိုက်ထီးရိုးဘုရားဖူး သွားချင်တဲ့အကြောင်းပဲပြောနေကြတာ။ အလုပ်ထဲမှာ ငြီးငွေ့လာတဲ့အခါမှာ ဘုရားဖူး ခရီးလေးဘာလေးတော့ သွားချင်တာပေါ့။ ခုတော့သူတို့က လှုပ်တောင်မလှုပ်ကြဘူး။ လိုက်မပို့တော့လဲ သူငယ်ချင်းတို့မြို့က ဘုရားပွဲကိုပဲ လိုက်သွားတော့မယ်။ :P

AddThis Social Bookmark Button


သင်္ကြန်နှင့်အတွေး  

Wednesday, April 2, 2008

သူနဲ့တွေ့ဖို့ရော်ရည်
သင်္ကြန်ရက်ကို
မျှော်ရည်မှန်းလို့
ဌာနေပြည်သို့
အရောက်ပြန်ချင်ပြီ...
သူလည်း တို့နဲ့ထပ်တူ
ဌာနေပြည်သို့
ပြန်ဖို့အရေး
မျှော်ကာတွေးလို့
ပျော်နေလောက်ပြီပေါ့...

AddThis Social Bookmark Button


မနေ့ကအကြွေး...  

တော်တော်ဆိုးတဲ့စက် ဘာမှကိုလုပ်လို့မရဘူး။ မနေ့က မွေးနေ့မိုလို့ post တင်ချင်ပါတယ်ဆိုမှ net ကမရ။ စိတ်ပျက်ဖွယ်...။ ဒီနေ့မှပဲ တင်ရတော့တယ်...။ ကျမကို လူလောကကြီးထဲကို မွေးဖွားသန့်စင်ပေးပြီး ပြုစုပျိုးထောင်ပေးတဲ့ မေကိုရည်ရွယ်ပြီး ကဗျာလေးရေးထားတာ။

ကျေးဇူးမေ...

မေ... အပြောကျယ်လှတဲ့
ကမ္ဘာကြီးထဲမှာ
လူဖြစ်ခွင့်ကြုံလာတဲ့ သမီးကို
ချစ်မေတ္တာ ပြည့်ပေးတဲ့အတွက်
ကျေးဇူးပါမေ...။ ။

AddThis Social Bookmark Button


ချစ်သောသက်ြန်  

Sunday, March 30, 2008

ဘာလိုလိုနဲ့ မတ်လကုန်လို့ ဧပရယ်လကို ရောက်တော့မှာပါလား.....။ ဧပရယ်ရောက်တော့မယ် ဆိုတာနဲ့ ကိုယ့်ကိုယ်ကို အသက်တစ်နှစ်ကြီးတော့မယ်ဆိုတာ သတိပေးနေသလိုပဲ။ နောက်မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့ အတာသင်္ကြန်ပွဲလေးလည်း ရောက်တော့မှာပါလား။ သင်္ကြန်ကိုအမြန်ရောက်ချင်တယ်.......။ ကျမရဲ့ ငယ်သူငယ်ချင်းလေးတွေနဲ့ တွေ့ချင်လို့...။ ကျမတို့သူငယ်ချင်း (၉) ယောက်ဟာ သင်္ကြန်ရောက်ရင် ဆုံတွေ့နေကျ။ သူငယ်ချင်း(၉) ယောက်မှာ ကောင်လေး(၃)ယောက်၊ ကောင်မလေးက(၆)ယောက်ပါ။
လူတိုင်းမှာ သင်္ကြန်အမှတ်တရလေးတွေ ရှိကြပါလိမ့်မယ်။ သင်္ကြန်လမှာ မွေးတဲ့ ကျမအဖို့ကတော့ သင်္ကြန်ဟာ အမြဲအမှတ်တရပါပဲ။ သင်္ကြန်ကို ချစ်တယ်....၊ သင်္ကြန်ကို မြတ်နိုးတယ်....၊ သင်္ကြန်မှာပျော်တယ်....၊ သင်္ကြန်.....တယ်...။

AddThis Social Bookmark Button


ပျက်ကွက်မှု  

Saturday, March 29, 2008

ခုတလော ကျမဘလော့ဒ် မရေးဖြစ်တာ ကြာနေပါပြီ....။ သင်တန်းတက်နေရလို့ ကွန်ပျူတာကို မကိုင်ဖြစ်တာ။ အတွေ့ကြုံသစ်တွေတော့ အများကြီးရခဲ့ပါတယ်။ အိမ်ပြန်ချင်စိတ်ပေါက်တာလည်း အကြိမ်ကြိမ်ပေါ့။ မနက်အိပ်ယာထချိန်နဲ့ ထမင်းစားချိန်ဆို ပိုဆိုးတယ်(အဟင့်ဟင့်...)။ လုပ်လိုက်ရတဲ့ လေ့ကျင့်ခန်း ဖတ်ဖတ်ကို မောလို့...ဟူး...။ အဆောင်မှာနေရတဲ့အချိန်နဲ့ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ ထိုင်ရတဲ့အချိန်တွေကတော့ ပျော်စရာကောင်းပါတယ်။

ကျမရဲ့ အိမ်သစ်လေးဆောက်ပြီးကာမှ ဘာမှကို မရေးဖြစ်ဘူးဖြစ်နေတာ။ အိမ်သစ်လေးကို လာလည်တဲ့ သယ်ရင်းရောင်းရင်းတွေ၊ ဘလော့ဒ်ဂါ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်...။ ကျမရဲ့ ပျက်ကွက်မှုအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ရှင်။

AddThis Social Bookmark Button